»ᵇʳᵉᵃᵗʰⁱⁿᵍ«

72 9 10
                                    

UNICODE

ရှိုက်ခနဲ ဆွဲချက်မှာ ကပ်ပါလာတဲ့ ရနံ့သင်းသင်းက နောက်ကျိနေတဲ့ စိတ်အစဥ်ကို ရှင်းလင်းသွားစေခဲ့သည်...။
စီးကရက်တစ်စဆီမှ ယစ်မူး​မှုများထက် သူ့ကိုယ်သင်းနံ့လှိုင်လှိုင်လေးက လွှမ်းမိုးအား ပိုကောင်းနေခဲ့၏...။
သိပ်သဘောကျရပါသည်...။

WHITE C.R.I.M.I.N.A.L

...........

...........

...........
...........

...........

...........
...........

...........

...........

WHITE C.R.I.M.I.N.A.L

တရိပ်ရိပ်ပြေးလွှားနေတဲ့ ကားတွင်းမှာ ငြိမ်ငြိမ်ဆိမ်ဆိမ် လိုက်ပါလာခြင်းတွင် အတော်ကြာမှ ပြန်ထိတွေ့ခွင့်ရတဲ့ ပတ်ဝန်းကျင်ကို ငေးကြည့်ရင်းက ပျော်နေရမှာဆိုပေမဲ့ ထူးဆန်းစွာ သူ့နှုတ်ခမ်းတွေဟာ တင်းတင်းစေ့နေသည်...ဖြစ်နိုင်ရင် ဒီအခြေအနေကြီးကနေ ရူးလောက်အောင် ရုန်းထွက်ချင်သည်...

"Gang Leader...!"

တိတ်ဆိတ်မှုရဲ့ ပထမဆုံး ဖြိုခွင်းရာအဖြစ် JiWoongဆီမှ ခပ်ဆတ်ဆတ် ခေါ်သံတစ်ခုက အေးဆေးစွာ ကားမောင်းနေသူအပေါ်အား သိပ်မသက်ရောက်သည်ထင်...ဖြည်းညှင်းစွာ 'ဟင်'ခနဲ ပြန်မေးသည့်အပြင် မိမိဘက်သို့ပင် တစ်ချက်ကလေး လှည့်ကြည့်မလာတဲ့ Gang Leaderကြောင့် JiWoongရင်ထဲတွင် တင်းတင်းကျပ်ကျပ်နှင့် နေလို့မကောင်းတော့...

"အိမ်ကိုပဲပို့ပေးလို့ ငါပြောနေတယ်မလား..."

"အင်း...ဒါဆိုလဲ အိမ်ကိုပဲ ပြန်ကြတာပေါ့..."

ပြောကာ ကားစတီယာကို တစ်ပတ်လှည့်လိုက်တဲ့ Gang Leaderရဲ့အကြံက ပက်စက်ချက်များ JiWoongအသည်းတွေပေါက်အောင်...မိမိဆိုလိုတဲ့အိမ်က မိသားစုဝင်တွေရှိတဲ့ သမ္မတအိမ်တော်မှန်း သိပါရက်နဲ့ လာရာလမ်းအတိုင်း ပြန်လှည့်ပြီး အသက်ရှူကျပ်စရာကောင်းတဲ့ သူ့အိမ်ကိုသာ ဦးတည်လိုက်သော ထိုနှစ်ဆယ့်သုံးနှစ်သမားက ထင်ထားတာထက် ကပ်တပ်တပ်နိုင်၏...

"Thorn'ပန်းချီပြခန်းကို လိုက်ပို့..."

"Woongပဲ အိမ်ကိုပြန်ချင်တာဆို..."

WHITE C.R.I.M.I.N.A.LWhere stories live. Discover now