»ʰⁱᵈᵈᵉⁿ«

74 9 14
                                    

UNICODE

ဆံနွယ်တွေဟာ ယိမ်းနွဲ့ကာ လှုပ်ရှားလျက်ရှိသည်...။
ခပ်ပြင်းပြင်း ပြေးလွှားနေသည့် လေအရှိန်ကြောင့် အမြင်အာရုံတွေက သိပ်တော့ ​​ကြည်လင်မနေ...။
မိုးမျှော်တိုက်ကြီး၏ အစွန်အဖျားတစ်နေရာမှာ အကြောက်အရွံတွေမဲ့စွာ ခြေစုံချသည်...။
သူ...
အတွေးနက်နက်တွေထဲ မျောပါနေဆဲ ဖြစ်ပါလိမ့်မည်...။

WHITE C.R.I.M.I.N.A.L

...........

...........

...........
...........

...........

...........
...........

...........

...........

WHITE C.R.I.M.I.N.A.L

ပျင်းရိခြင်းများစွာဖြင့် ဟိုသွားရမလို ဒီသွားရမလို ဖြစ်နေတာသည် မိုးလင်းကတည်းက စ၏...အခုထိ နာမ်ဝိဥာဥ်ပျောက်နေသလို ခံစားချက်ကြီးဖြင့် ရင်ခံပြီး နေလို့မကောင်းသည်ဟာ တစ်ချက်တစ်ချက်ဆို ကိုယ့်ကိုယ်ကိုပင် မကောင်းတာ တစ်ခုခု လုပ်ပစ်လိုက်ချင်သည်...တစ်လတိတိ ပြည့်တင်းသွားသည်အထိ ဤခြံအကျယ်ကြီးထဲတွင် အကျယ်ချုပ် ကျနေခဲ့ခြင်းလေ...သူ့ကိုဖမ်းထားတဲ့ Gang Leaderဆိုသော ဟိုနှစ်ဆယ့်သုံးနှစ်သမားကတော့ မှတ်မှတ်ရရ မိုးတွေရွာသည့်ညမှာ အားရပါးရ သောင်းကျန်းပြီးနောက်ပိုင်း အရိပ်ပါ မတွေ့ရအောင် ပျောက်ထွက်သွားခဲ့တာပင်...

"အစ်ကိုလေး...တစ်ခုခုစားချင်တာများ ရှိလို့ပါလား..."

အိမ်အပေါ်ကနေ အောက်ထပ်သို့ ဆင်းဆင်းချင်း အိမ်တော်ထိန်းကြီးက အနားသို့ လာမေးတာကြောင့် သူခေါင်းပဲ ခါပြလိုက်သည်...ထိုအခါ ဦးညွတ်ပြီး ပြန်ထွက်သွားသည်...သက်ပြင်းတစ်ချက်ချရင်း ပျင်းနေတာနဲ့ ဟိုဟိုဒီဒီ လိုက်ကြည့်ဖို့သာ ပြင်လိုက်သည်...တရိပ်ရိပ်နဲ့ အနောက်က ပါလာတဲ့ တချို့လူတွေကိုလဲ မသိချင်​ယောင် ဆောင်ထားလိုက်၏...အိမ်ထဲမှာတောင် အစောင့်အရှောက်တွေနဲ့ ထားတာတဲ့နော်...ဟိုGang Leaderလေးက အာဏာတွေ ပြလိုက်ပုံများ...

"အဟက်!"

ခပ်ထေ့ထေ့ရယ်ရင်းက လက်နှစ်ဖက်အား နောက်ပစ်ယှက်ပြီး JiWoongခြေလှမ်းတွေ ​ရှေ့သို့ ဆက်တိုးလိုက်သည်...အိမ်မကြီးအပြင်ရောက်သည်နှင့် သစ်ပင်ကြီးတွေ အုံ့ဆိုင်းနေသော မြေနီလမ်းရိုးအကျယ်ကြီးက မျက်စိရှေ့မှာ ဆီးကြိုသည်...ထုံးစံအတိုင်း ထင်းရှူးလမ်းလေးဆီသွားဖို့ ခြေလှမ်းတွေ ဦးတည်လိုက်ပေမဲ့ ရုတ်တရက် ဖျက်ခနဲ သတိရလိုက်သည်ဟာ ခြံကြီးရဲ့ ညာဘက်အခြမ်း...

WHITE C.R.I.M.I.N.A.LWhere stories live. Discover now