»ᵐᵒᵐᵉⁿᵗ«

30 5 13
                                    

UNICODE

မျက်လုံးလှလှလေးတွေကို ငေးစိုက်ကြည့်မိတဲ့ တခဏ...
နှုတ်ခမ်းညွတ်ညွတ်လေးကို သဘောကျမိတဲ့ တခဏ...
လက်ဖောင်းဖောင်းလေးတွေကို အသည်းယားမိတဲ့ တခဏ...
သူ့ရဲ့ အဲ့ဒီတခဏပေါင်းများစွာသော အခိုက်အတန့်တွေမှာ ရင်ခုန်စိတ်လှုပ်ရှားမိတဲ့ တခဏ...။

WHITE C.R.I.M.I.N.A.L

...........

...........

...........
...........

...........

...........
...........

...........

...........

WHITE C.R.I.M.I.N.A.L

အနီရောင် ကားလေးတစ်စီးဟာ ခြံဝန်းကျယ်ကြီးရှေ့သို့ ထိုးဆိုက်သွားသည်...ပုံမှန်ဆို အနက်ရောင်တွေနဲ့ပဲ နေသားကျနေခဲ့တဲ့ ရင့်ကျက်သူ နှစ်ဆယ့်သုံးနှစ်သမားက အခုတော့ မထုတ်တာကြာပြီဖြစ်တဲ့ ပြိုင်ကား နီနီလှလှလေးအား ပွဲထုတ်ကာ ဘေးမှာလဲ တစ်ဦးသောသူကို အပါခေါ်ခဲ့လို့ လူငယ်ဆန်ဆန်လေး လွင့်သည်...အိမ်က ထွက်လာကတည်းက ညွတ်ကွေးထားတဲ့ နှုတ်ခမ်းသားတွေကတော့ အခုထိ တစ်ချက်ကလေး ပြေကျမသွားသေး...JiWoongတစ်ယောက် သူ့Gang Leaderလေးရော ဟုတ်ရဲ့လားနဲ့ လူတွေပင် မှားနေလောက်သည်...

"ဟင်...ဘယ်လိုဖြစ်ပြီး..."

ခြံရှေ့မှာ ကားတစ်စီးရပ်လာတာကို မြင်တာနဲ့ အပင်ရေလောင်းနေရာက ထွက်အကဲခတ်တဲ့ Keitaက JongWooတို့ကိုမြင်တော့ အံ့ဩသယောင် နှုတ်ခမ်းတွေ ဟသွားသည်...အအံ့ဩဆုံးကတော့ တစ်ခါမှ မမြင်ဖူးတဲ့ JongWooရဲ့ လန်းဆန်းတက်ကြွနေတဲ့ မျက်နှာအမူအရာတွေမှာ ဖြစ်သည်...

"တံခါးဖွင့်ပေးဦးလေ Keita...ကိုယ်တို့ ဝင်လို့မရဘူးလား..."

"အာ...Sorry..."

ဝတ်ထားတဲ့ နေကာမျက်မှန်လေးကိုချွတ်ကာ JongWooပြောတော့ Keitaလဲ ပြာပြာသလဲ ခြံတံခါးဆွဲဖွင့်ရသည်...JongWooတို့ကား အထဲရောက်မှ တံခါးကို သေချာပြန်ပိတ်ခဲ့ကာ အနောက်ကနေ ပြေးလိုက်၏...စင်ဝင်အောက်တွင် ကားထိုးရပ်ပြီးသည်နှင့် လက်ထဲမှာ အထုတ်အပိုး တပွေ့တပိုက်နဲ့ JiWoongက ယိုင်တိုင်တိုင်ဖြင့် ဆင်းလာတာကြောင့် ဘယ်လိုပဲ အဆင်မပြေ ဖြစ်ထားကြပေမဲ့ မြင်မတော်တဲ့ Keitaက ကူသယ်ပေးသည်...ထိုအခါ မျက်တောင်တစ်ချက် လှန်ကြည့်တဲ့ JiWoongဟာ ကျေးဇူးတင်စကားဆိုကာ ကားတံခါးအား ဆွဲပိတ်သည်...

You've reached the end of published parts.

⏰ Last updated: Apr 17 ⏰

Add this story to your Library to get notified about new parts!

WHITE C.R.I.M.I.N.A.LWhere stories live. Discover now