part (1)

184 4 0
                                    

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (1)
--------------------

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ မြင်ဖူးနေကျ ဧည့်ခန်းပုံစံမျိုးပေမယ့် ထိုင်နေရက်နဲ့ပင် လှိုင်း ရင်တွေတဒိတ်ဒိတ်တုန်နေရသည်
ကိုယ်ရောက်နေသည့် ဧည့်ခန်းအတွင်းက အပြင်အဆင်တွေထက် ကိုယ့်ရှေ့မှာထိုင်နေသော ပသိုင်းမွှေးထူလဗျစ်နဲ့ ညှင်းသိုးသိုးပုံစံပေါ်နေသော လူ ကြောင့်သာ ရင်တုန်နေရခြင်းဖြစ်သည်
ခန့်မှန်းရသလောက် အသက်သုံးဆယ်ကျော်လောက်ပဲရှိမှာသေချာသည့် ထိုလူက
ရိုးရိုးရှင်းရှင်း ရှပ်အက်ျီနဲ့ ချည်ပုဆိုးအကွက်မှိုင်းမှိုင်းကို ဝတ်ထားသော်လည်း မှုန်မှိုင်းမှိုင်း ညှင်းသိုးသိုးကြားကပင် ဘယ်ကထွက်လာမှန်းမသိသော အရှိန်အဝါတစ်မျိုးကတော့ လှိုင်း ရင်တုန်ရသည်အထိ ထည်ဝါနေပြန်သည်

"ဒီကောင်လေးကို အိမ်မှာခေါ်ထားမယ်လို့ ပြောတာလား."

လှိုင်း မျက်တောင်မခတ်စတမ်း ငေးနေမိတုန်းမှာပင် ခေါက်ရိုးကျိုးနေသလို မျက်ခုံးအတွန့်မပြေဘဲ အစ်မနှင်းဆီ ဘက်ကို လှည့်မေးလိုက်တော့

"ဟုတ်တယ် ကိုကြီး
ကိုကြီးသဘောမကျလို့ အိမ်အကူလည်း မခေါ်ရတော့
ကူဖော်လောင်ဘက် ရအောင် လှိုင်းကို ခေါ်ထားလိုက်မလားလို့
လှိုင်းက နှင်းဆီနဲ့ နှစ်ဝမ်းကွဲတော်တယ်
ယောက်ျားလေးပေမယ့် အိမ်မှုကိစ္စလည်း နိုင်တယ်
ပုံစံကလည်း ကိုကြီးမြင်တဲ့အတိုင်းပဲလေ"

ကြည့်ရုံနဲ့ပင် နုနွဲ့နေပုံအထင်သားပေါ်နေသည့် ကိုယ့်ရှေ့က ကောင်ချောလေးကို တစ်ချက်ကြည့်ကာ သိုက် မျက်နှာလွှဲလိုက်ပြီး

"အင်း...မင်း အဆင်ပြေရင် ပြီးတာပါပဲ
ငါ့အလုပ်ခန်းဘက်ကိုတော့ မလာဖို့ ပြောထားပေါ့"

"ဟုတ်ကဲ့ပါ ကိုကြီးရဲ့
လုံးဝ မလာစေရပါဘူး"

ရာဇသိုက် ဆီက ခွင့်ပြုချက်ရသည်နှင့် နှင်းဆီ ဝမ်းသာသွားပြီး အမြန်ကတိပေးလိုက်သည်
ဒီအိမ်အကြီးကြီးထဲမှာ ဝေယျာဝစ္စဆို၍ သိပ်များများစားစားမရှိပေမယ့်
နှင်းဆီ ဆိုသည်ကလည်း မများလှသည့် အိမ်အလုပ်လေးကိုပင် လုပ်ချင်စိတ်ရှိသူ မဟုတ်
ဒါကြောင့်လည်း အိမ်မှုကိစ္စနိုင်နင်းလှသည့် လှိုင်းကို ခေါ်ခဲ့ခြင်းဖြစ်သည်

အချစ်ဖြင့် ခြယ်မှုန်းသော (bl) completedWhere stories live. Discover now