part (6)

48 2 0
                                    

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (6)
----------------unicode/zawgyi

အမျိုးတွေအိမ်မှာမတည်းဖြစ်ဘဲ ဦး သက်တောင့်သက်သာဖြစ်အောင် ဟိုတယ်မှာပဲ တည်းဖို့စီစဉ်ဖြစ်တော့

"နှစ်ယောက်ခန်းပဲ ယူထားတယ်နော်ကလေး"

reception ကနေ အခန်းသော့ ယူလာတဲ့ဦးက living-room ထဲ ထိုင်စောင့်နေတဲ့ လှိုင်းကို ပြုံးစစပြောလာတာကြောင့်

"ကုတင်နှစ်လုံးပါရင် ပြီးတာပဲလေ"

လှိုင်း ဂရုမစိုက်သလို ရွဲ့ကပ်ကပ်ပြန်ပြောမိတော့

"ကိုယ်က အဲ့လောက် မိုက်ပါ့မလား"

လှိုင်းပခုံးကို ဖက်ပြီး မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလာတဲ့ ဦးကြောင့် လှိုင်း ကိုယ်လုံးလေး ကျုံ့သွားမိပြီး

"လူတွေနဲ့လေ.. ဦး"

သတိပေးသလို ပြောလိုက်ပေမယ့်

"အဲ့တော့ဘာဖြစ်လဲ"

မသိချင်ယောင်ဆောင်ပြီးပြန်မေးလာတဲ့ ဦးပုံစံက ရယ်ဟဟနဲ့

"ဘာဖြစ်နေမှန်းကို မသိဘူး"

လှိုင်း မျက်စောင်းရွယ်မိပေမယ့် ပြန်လည်းမရုန်းဖြစ်တော့

----------------------------

"ဦး ရေ အရင်ချိုးမလား"

ကားမောင်းထားရတာကြောင့် ပင်ပန်းနေမလားရယ်လို့ ဦးစားပေး မေးမိပေမယ့်

"အတူတူချိုးမယ်လေ"

မျက်နှာပိုးမသေဘဲ ပြန်ပြောလာတဲ့ ဦးကြောင့်

"စိတ်တောင်မကူးနဲ့"

လှိုင်း မျက်စောင်းတွေသာ ရွယ်နေမိတော့

"အိမ်မှာတုန်းက... ဒီလိုပုံစံမဟုတ်ပါဘူး"

လှိုင်းကို ဆက်တိုက် စနောက်ဖို့ ကြံရွယ်ထားတဲ့ ဦးပုံစံက လွတ်လပ်ပေါ့ပါးနေပုံရတာကြောင့်

"နောက်ဆို... ခရီး ခဏခဏထွက်ရမယ်"

အဝတ်တွေထုတ်ယူနေရင်း လှိုင်းပြောလိုက်တော့

"တစ်ခန်းထဲ ခဏခဏနေချင်လို့လား"

"ဦး..."

စကားအတည်အတန့်ပြောမရတဲ့ ဦးကို လှိုင်း ခပ်ဆတ်ဆတ်ခေါ်လိုက်တော့

အချစ်ဖြင့် ခြယ်မှုန်းသော (bl) completedWhere stories live. Discover now