part (7)

40 1 0
                                    

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (7)
---------------------unicode/zawgyi

မြင်နေရတဲ့ ဓာတ်ပုံကိုကြည့်ပြီး လှိုင်းအတွေးတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဆီ ပြန်လည်ရောက်ရှိသွားရသည်.......................

"ဒါက လှိုင်းရဲ့ ကိုကိုပေါ့နော်."

ဓာတ်ပုံကိုကြည့်ပြီး စိတ်အားထက်သန်တဲ့ မျက်ဝန်းလေးတွေနဲ့ မေးလာတဲ့ ငါးနှစ်သား ကောင်လေးကို ချမ်းအိမ် ပြုံးပြလိုက်ရင်း

"ဟုတ်တယ် ဦးရဲ့သားဆိုတော့ လှိုင်းလေးရဲ့ ကိုကိုပဲပေါ့"

ကြည်းနူးမှုအပြည့်နဲ့ ဖြေလိုက်တော့

"ဒါဆို လှိုင်းက အဖေနှစ်ယောက်ရှိတဲ့အပြင်
အစ်ကိုတစ်ယောက်ပါရအုံးမှာပေါ့"

လက်သီးလက်မောင်းတန်းကာ ဝမ်းသာနေပုံလေးက ကလေးပီပီ ဖြူစင်မှုအပြည့်နဲ့

"လှိုင်းလေးကအသိအမှတ်ပြုပြီးပြီနော်
လင်းပဲ လက်ခံပေးဖို့ကျန်တော့တယ်"

မျက်နှာအပျက်သားနဲ့ တိတ်တဆိတ်ရပ်နေတဲ့ လင်းဘက်ကို ချမ်းအိမ်လှည့်ပြောလိုက်တော့ ရှက်တတ်တဲ့ လင်းက သူ့အကြည့်တွေကို ရှောင်လွှဲပြီး

"သားကိုကိုပုံကို သွားသိမ်းလိုက်အုံးလေ"

"ဟုတ်ကဲ့..ဖေဖေ"

ဓာတ်ပုံလေးကို တယုတယပွေ့ပိုက်ကာ လှိုင်းလေး ထွက်သွားတော့မှ ခုံမှာ ဝင်ထိုင်ကာ

"မင်းတို့အိမ်ထောင်ရေး ပြိုပျက်တဲ့အထိဖြစ်သွားရတော့ ငါတကယ်လိပ်ပြာမလုံဘူး ချမ်း
ယဥ်လဲ့ကိုလည်း ဘယ်လိုမျက်နှာပြရမှန်းတောင်မသိတော့ဘူး"

"မင်းပယောဂ မပါပါဘူး လင်းရာ
ယဉ်လဲ့က အစကတည်းက သူ့မိဘတွေဆီကို လိုက်သွားချင်နေတာ ငါကလည်း မလိုက်နိုင်တော့ အခြေအတင်ဖြစ်နေခဲ့တာကြာပြီ
အခုတော့ သူကိုယ်ဝန်မဆောင်နိုင်တာကိုသိသွားပြီး ထွက်သွားချင်တယ် ကွာရှင်းပေးပါလို့ သူကိုယ်တိုင်တောင်းဆိုလာတာကွ
ငါလည်း သူ့အားနည်းချက်ကြောင့် ကွာရှင်းရတာမျိုးမဖြစ်အောင် အမျိုးမျိုးတားပါသေးတယ်
သူ့အခြေအနေကြောင့် မိဘတွေနားမှာပဲနေချင်တယ်တဲ့ ငါ့ကိုတွေ့နေရတာ သူ့အတွက်ပိုအဆင်မပြေဖြစ်တယ်တဲ့လေ
ငါ..ဘာတတ်နိုင်မှာလဲ"

အချစ်ဖြင့် ခြယ်မှုန်းသော (bl) completedWhere stories live. Discover now