part (8)

41 0 0
                                    

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (8)
--------------------------unicode/zawgyi

"ကိုသိုက် ညီလေးလား ကျွန်တော်နဲ့ မိတ်ဆက်ပေးအုံးလေ"

လှိုင်းကို စိုက်ကြည့်ပြီး မိတ်ဆက်ပေးဖို့ပြောလာသော နေရောင်ဆိုတဲ့ လူကြောင့် လှိုင်း စိတ်မသက်မသာ ဖြစ်သွားရပေမယ့်

"အင်း..ကိုယ်နဲ့ အတူနေတဲ့ ကလေးပါ လှိုင်းတဲ့ "

ပြုံးပြုံးရွှင်ရွှင် မိတ်ဆက်ပေးနေပြန်တဲ့ ဦးကြောင့်  လှိုင်း အသက်မပါသလိုသာ ပြုံးပြလိုက်ရသည်

"အတူတူနေကြတာလား .."

"ဟုတ်တယ်...လှိုင်းက ကိုယ့် စားဖိုမှူးလေ.. ဟင်းချက်အရမ်းတော်တယ်"

"ဟုတ်လား..ဒါဆို ကျွန်တော် ဧည့်သည်လာလုပ်လို့ရမလား ကိုသိုက်"

လှိုင်းဆီက အကြည့်မလွှဲဘဲ ပြောနေသော နေရောင်ဆိုတဲ့လူကို လှိုင်း မနှစ်သက်ချင်တော့ပေမယ့်

"ရတာပေါ့..ကိုယ်က အမြဲတမ်းကြိုဆိုတယ်နော်
နေရောင် လာချင်စိတ်ရှိရင် အချိန်မရွေးပဲ"

လှိုင်းပခုံးကိုဖက်ပြီး ဦးပြန်ဖြေနေပုံက ဒီလူ နဲ့နီးစပ်အောင် တမင်ပြောနေပုံမျိုး
ဦး ဘာတွေစိတ်ကူးပြီး လုပ်နေမှန်းသိသည့် လှိုင်းကတော့ လိမ်ညာခဲ့မိတဲ့စကားတွေကို ပြန်တွေးပြီ အတော်လေးမွန်းကြပ်နေခဲ့ပြီ
ဒီလူ့နာမည်ကြောင့် ဖေဖေ့ချစ်သူရဲ့သားများဖြစ်နေမလားလို့ ဦးတွေးနေတာကို လှိုင်း ရိပ်မိနေခဲ့ပြီမဟုတ်ပါလား

--------------------------

"နာမည်လေးတူရုံနဲ့.. အဲ့လောက်အခွင့်အရေးတွေပေးနေတာ မများလွန်းဘူးလား ဦး"

သူ့သိတတ်နားလည်မှုကို ဝမ်း​မြောက်ဝမ်းသာဖြစ်နေရမယ့်အစား မကျေမနပ်ပြောဆိုနေတဲ့ ကလေးကို သိုက် နားမလည်နိုင်တော့ဘဲ

"နာမည်တူတယ်ဆိုတာကလည်း ကိုယ်တို့ဆွဲကိုင်လို့ရမယ့် ကောက်ရိုးတစ်မျှင်ပဲလေ ကလေးရဲ့
သူနဲ့ရင်းနှီးသွားရင် ဖြစ်နိုင်ချေရှိမရှိဆိုတာကို အနီးကပ်လေ့လာလို့ ရနိုင်တယ်လေ
ကိုယ့်ရှေ့ရောက်လာတဲ့ အခွင့်အရေးကို လက်မလွှတ်သင့်ဘူး မဟုတ်လား"

အချစ်ဖြင့် ခြယ်မှုန်းသော (bl) completedWhere stories live. Discover now