part (9)

44 0 0
                                    

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (9)
--------------------unicode/zawgyi

"နေရောင်က ဘာတွေကူညီပေးဖို့ပြောနေလို့လဲ"

လှိုင်းတို့အနားကို ရောက်လာပြီးမေးလိုက်သောဦးကြောင့် လှိုင်းမှာ အသက်ရှူမှားမတတ်ဖြစ်သွားရတော့သည်

ဦး ဘယ်လောက်အထိကြားသွားတယ်ဆိုတာကို မသိတာကြောင့် လှိုင်း စဉ်းစားတွေဝေ နေချိန်မှာပဲ

"လှိုင်းက အိမ်ထဲမှာပဲနေရတော့ ပျင်းနေမယ်ထင်လို့
အပြင်ထွက်လည်ဖို့ခေါ်နေတာပါ
အားနာလို့ထင်ပါတယ် လှိုင်းက ငြင်းနေတယ်လေ"

ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်တဲ့ နေရောင်စကားကြောင့်

"ကလေးက အပြင်သွားချင်လို့လား ကိုယ့်ကိုပြောမှပေါ့"

လှိုင်းပခုံးကိုဖက်ရင်း မေးလာတဲ့ဦးကိုတော့ အပြစ်ရှိစိတ်ကြောင့် သေချာမကြည့်ရဲပေမယ့်

"မသွားချင်ပါဘူး လှိုင်းက အိမ်ထဲမှာနေရတာ ပိုသဘောကျတယ်
ပြီးတော့ ဦးသာရှိနေရင် ဘယ်နေရာမှာနေရနေရ မပျင်းပါဘူး"

သူလိုချင်ရာတွေကို အကွက်ကျကျဖန်တီးနိုင်လွန်းတဲ့ ဦးနေရောင်ကိုတော့ တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်မိသည်

"လှိုင်းက... ကိုသိုက်ကို တော်တော် သံယောဇဉ်ကြီးတယ်နော်
ရေစက် တစ်ခုခုရှိပုံပဲ"

လှိုင်းရဲ့လျှို့ဝှက်ချက်ကိုမှ ရိတိတိထည့်ပြောလာတဲ့ ဦးနေရောင်က ထီမထင်သလိုအပြုံးတွေနဲ့

"ရေစက်ဆိုတာထက်..ကိုယ်ကလည်း ကလေးကိုယ့်နားမရှိရင် မနေတတ်တော့.. ကလေးက အလိုက်တသိနဲ့ ဘယ်မှထွက်မသွားနိုင်တာဖြစ်မယ်"

အပြုံးအရယ်တွေနဲ့ ပြန်ပြောလိုက်တဲ့ ဦး စကားအတိမ်အနက်ကို နားမလည်ပေမယ့် လှိုင်း ကျေနပ်သွားရပြီး

"ထွက်မသွားနိုင်တာမဟုတ်ပါဘူးနော်..မသွားချင်တာပါ"

အချွဲပိုစွာပြောလိုက်မိတဲ့ လှိုင်းစကားကတော့ ဦးနေရောင်ကို အမြင်ကပ်လို့ ပြောလိုက်ခြင်းမဟုတ်ဘဲ လှိုင်းရင်ထဲက ဆန္ဒအစစ်အမှန်သာ

အချစ်ဖြင့် ခြယ်မှုန်းသော (bl) completedWhere stories live. Discover now