part (4)

55 2 0
                                    

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (4)
---------------------

ညက ကောင်းကောင်းအိပ်မပျော်ခဲ့သဖြင့် ချက်ပြုတ်ပြင်ဆင်နေရင်း ခေါင်းက တချက်တချက် မိုက်ခနဲ ဖြစ်ဖြစ်သွားပေမယ့် ကိုယ်လုပ်တဲ့အလုပ်ကို တာဝန်ကျေချင်စိတ်နဲ့ မပြီးမချင်း မီးဖိုခန်းထဲက မထွက်ဘဲ လှိုင်း ဆက်လုပ်နေမိသည်

အပေါ်ထပ်မှာ အပြင်ထွက်ဖို့ပြင်ဆင်နေသည့် သိုက် မှာလည်း မနေ့က သူ့လုပ်ရပ်ဟာ ရုပ်ဆိုးအကျည်းတန်လွန်းနေတာလားလို့ ပြန်တွေးမိပြီး
လျှပ်စီးရောင်မြင်ရုံနဲ့ ထိတ်လန့်တုန်လှုပ်နေသည့် လှိုင်းပုံစံကိုလည်း နားမလည်နိုင် ဖြစ်ရသည်

"လျှပ်စီးလက်တာလေးကို အဲ့လောက်ကြောက်နေရလား. "

ကိုယ့်လုပ်ရပ်အတွက် လိပ်ပြာမလုံသည့်စိတ်ကို လှိုင်းအပေါ်အပြစ်ဖို့ရင်းသာ ဖြေတွေးလိုက်ကာ
ပြင်ဆင်လို့ ပြီးပြီဖြစ်၍ အောက်ထပ်သို့ ဆင်းခဲ့ပြီး
နေ့လည်စာ စားဖြစ်မှာမဟုတ်တဲ့အကြောင်း မှာခဲ့ဖို့ မီးဖိုခန်းဘက် လျှောက်လာလိုက်တော့မှ

"ဟေ့ ဟေ့ မင်း ဘာဖြစ်တာလဲ"

မီးဖိုခန်းထဲ လဲလျှက်ရှိတဲ့ လှိုင်းကို မြင်လိုက်ရပြီး
ပွေ့ထူကာ ခေါ်လိုက်ပေမယ့် သတိလစ်နေသည့် လှိုင်းကတော့ သိုက်ကို အဖြေပြန်မပေးနိုင်တော့

-------------------------------

အောက်ထပ်ရှိ အိပ်ခန်းထဲသို့ လှိုင်းကို ပွေ့ချီခေါ်လာခဲ့ပြီး
သူငယ်ချင်း ဆရာဝန်ဖြစ်သည့် သူရိန်ကို ဖုန်းဆက်ခေါ်လိုက်ရသည်

သူရိန်မရောက်လာခင်အချိန်ထိ သိုက် တစ်ယောက်ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရသည်
ကောင်လေး ဒီလိုဖြစ်သွားတာဟာ ညတုန်းက သူလစ်လျူရှုမိခဲ့လို့သာ ဖြစ်နိုင်သည်လို့ တွေးမိပြီး အစကတည်းက ခံစားနေရသည့် အပြစ်ရှိစိတ်က ပိုကြီးသွားရသည်

သိပ်မကြာလိုက်ဘဲ သူရိန်ရောက်လာမှ အသက်ဝဝရှုနိုင်တော့သည့် အဖြစ်

"မင်း ဘယ်လောက်ထိ ခိုင်းနေတာလဲ အိပ်ရေးပျက်တာများပြီး အားနည်းသွားတာ
ငါ ဆေးသွင်းပေးခဲ့မယ် နိုးလာရင် အဆင်ပြေသွားမှာပါ
နောက်တချက်က ဒီကောင်လေး ကြည့်ရတာ ထိတ်လန့်စရာတစ်ခုခုတွေ့ထားသလိုပဲ နှလုံးခုန်နှုန်းလည်း တော်တော်ဆိုးတယ်
မင်း သိထားတာရှိလား"

အချစ်ဖြင့် ခြယ်မှုန်းသော (bl) completedWhere stories live. Discover now