ယံက ဆေးရုံဝရံတာတံစက်မြိတ်လေးကနေကျဆင်းလာတဲ့ မိုးရေစက်ကလေးတွေကိုငေးရင်းကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်တယ်
ဒေးကခရီးထွက်သွားတာဒီနေ့နဲ့ဆိုသုံးရက်ရှိပြီ
စစ်တွေမှာက မုန်တိုင်းဝင်ပြီးမိုးသည်းထန်စွာရွာနေတာကလဲရက်ဆက်နေပြီ
ဒီပုံစံအတိုင်းဆိုအောက်ပိုင်းတွေကရေကြီးနေပြီ ယံတို့ဆေးရုံကလဲ ဆေးဝါးအကူအညီတွေသွားရတော့မယ်
နွယ်နီကသူ့ဆီကိုခပ်သွက်သွက်လျှောက်လာပြီး""ဒေါက်တာယံ ဆရာဝန်ကြီးခေါ်နေတယ်""
ယံကနွယ်နီကိုခေါင်းငြိမ့်ပြလိုက်တယ် ကြိုတွေးထားပြီးသားမို့ ယံကတည်တည်ငြိမ်ငြိမ်နဲ့ဆရာဝန်ကြီးအခန်းထဲဝင်သွားလိုက်တယ်
ဆရာဝန်ကြီးရုံးခန်းရောက်တော့ ဆရာဝန်တွေနဲ့သူနာပြုတွေလူစုံနေကြပြီးကယ်ဆယ်ရေးနဲ့ဆေးဝါးအထောက်အကူအတွက် လိုက်မဲ့လူစာရင်းစုနေကြသည်
ယံကဆရာဝန်ကြီးနဲ့အခြားဆရာဝန်တွေကို ခေါင်းငြိမ့်ပြပြီးအရိုအသေပေးလိုက်တယ်
စာရင်းရေးနေတဲ့မချောက""ဒေါက်တာယံကတော့ လိုက်မှာမလား အမြဲတမ်းလဲလိုက်နေကြဆိုတော့""
""လိုက်ရမှာပေါ့ဗျာ""
""အဲ့တာဆိုချောတို့ဆေးရုံက ဆရာဝန်၊သူနာပြုနဲ့အလုပ်သင်ဆရာဝန်ရောဆိုစုစုပေါင်းဆယ်ယောက်ပါ""
ယံကစိုင်းခွန်းစနားမှာ သွားရပ်လိုက်ပြီး""ခွန်းဒီတစ်ခါမင်းရောလိုက်တာလား""
""ဟုတ်တယ်ကိုယံ""
ဆရာဝန်ကြီးကခေါင်းငြိမ့်ပြီးဆက်ပြောတယ်""အားလုံးပဲသေချာဂရုစိုက်သွားပြီးပြန်လာခဲ့ကြပါ""
""ဟုတ်ကဲ့ပါဆရာ""
>>>>>>>>>>>>>>>>>>>>>>>>>>>>>
လေယာဉ်ကွင်းလျှောက်လမ်းမှာluggageကိုယ်ဆီဆွဲပြီးအပြုံးကိုယ်စီနဲ့လျှောက်လာကြတဲ့လေယာဉ်မှူးတွေ လေယာဉ်မောင်မယ်တွေထဲ ဒေးကတော့မပြုံးနိုင်ပါ
နှစ်ရက်နဲ့ပြီးပြတ်ရမဲ့flightကရာသီဥတုအခြေအနေကြောင့်ရော ခရီးစဉ်ထပ်ဆက်ရတာကြောင့်ရောငါးရက်လောက်ထိကြန့်ကြာသွားရသည်

YOU ARE READING
ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)
Romanceဒီဇာတ်ကောင်လေးတွေကရင်းနှီးပြီးသားဖြစ်မှာပါ မျှစ်ပြုတ်နဲ့သက်ဝေယံတို့အတွဲလေးပါ