Part15(Uni/ZG)

5.2K 223 5
                                    

ကားပေါ်မှာတစ်ညအိပ်လာရတယ်ဆိုပေမဲ့ရန်ကုန်ရောက်တော့ကျွန်တော့်ခြေထောက်ကထင်သလောက်မနာတော့ လမ်းကောင်းကောင်းလျှောက်နိုင်နေပြီ

""ဒေး ခင်ဗျားလွယ်ထားတဲ့အိတ်ထဲမှာ ကျွန်တော့်အခန်းသော့ရှိတယ်""

ဒေးကအခန်းရှေ့မှာအိတ်တွေချလိုက်ပြီး""ဟို...ယံ""

""အင်း""

""ကိုယ်တို့တူတူပေါင်းနေရအောင်""

""ဟမ်! မနေပါဘူး ကျွန်တော့်အခန်းရှိတယ် ကျွန်တော့်အခန်းမှာပဲကျွန်တော်နေမှာ""

""အဲတာဆို ကိုယ်ယံအခန်းထဲလာနေမယ်လေ""

""မရဘူးမနေနဲ့""

""ဘာလို့လဲ အခုချိန်ထိကိုယ့်ကိုမယုံသေးဘူးလား""

""မဟုတ်ဘူး ကျွန်တော့်အဖေက ကျွန်တော့်ကိုတစ်လတစ်ခါလာကြည့်မှာ""

""လာကြည့်တော့လဲ ကိုယ် ကိုယ့်အခန်းထဲပြန်နေမှာပေါ့""

""မရဘူး အဖေကဘယ်နေ့တွေလာကြည့်မလဲကျွန်တော်သိတာမဟုတ်ဘူးလေ""

ဒေးကသက်ပြင်းချလိုက်ပြီးယံအခန်းတံခါးသော့ကိုထုတ်ပြီးဖွင့်ပေးလိုက်တယ်

""ရပြီ ဝင်တော့""

ဒေးကသော့ကိုယူပြီးဘောင်းဘီအိတ်ထဲထည့်မယ်လုပ်တော့ ယံကလက်ဝါးဖြန့်ပြီးသူ့အခန်းသော့ကိုပြန်တောင်းတယ်""ပေးလေ ကျွန်တော့်အခန်းသော့""

""အာ...ယံကလဲ""

""ပေးပါ ပျောက်သွားလိမ့်မယ်""

""အင့်""ဒေးကမပေးချင်ပေးချင်နဲ့ သူ့လက်ထဲ အခန်းသော့ပြန်ထည့်ပေးလိုက်တယ်

ယံကသူ့အခန်းထဲဝင်သွားတော့မှ ဒေးကမျက်နှာ‌ပေါ်မှာလျှို့ဝှက်တဲ့အပြုံးတစ်ခုကိုဆင်မြန်းလိုက်ပြီး""မင်းလည်တယ်ဆိုတာလောက်တော့ ကိုယ်ကပြင်းသနားသေးတယ်""

မနက်ကမျက်နှာသစ်တော့ မျက်နှာသစ်တဲ့ဆပ်ပြာခဲပေါ်မှာ သော့ပိုလုပ်ဖို့အမှတ်အသားယူထားလိုက်တယ်

""ဟား...ဟား ဒီလိုအကျင့်တွေက အစ်ကိုဇက်ဆီကနေတတ်လာတာကွ""

>>>>>>>>>>>>>>>>>>>>>>>>>>

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now