Part17(Uni/ZG)

4.5K 228 7
                                    

""ဒေါက်တာယံနဲ့တွေ့ချင်လို့ပါ""

""ဒေါက်တာခွန်းနဲ့တွေ့ချင်လို့ပါ""

ရှေ့ဆင့်နောက်ဆင့်ရောက်လာတဲ့လူနှစ်ယောက်ကြောင့်receptionကnurseလေးတွေက ကြောင်တောင်တောင်နဲ့ ခေါင်းကုတ်လိုက်တဲ့ချိန် နွယ်နီကအနောက်ကနေရောက်လာပြီး""အော် ကို‌ဒေးနဲ့ကိုဝီလျှံဘယ်လိုဖြစ်ပြီးရောက်လာတာလဲ""

""ယံနဲ့တွေ့ချင်လို့လာတာ""

""ခွန်းနဲ့တွေ့ချင်လို့လာတာ""

""ရှင်တို့တွေအဲ့လိုလာချင်တိုင်းလာလို့မရဘူးနော် ဒါဆေးရုံ နောက်ပြီးတော့ဒေါက်တာယံရော ဒေါက်တာခွန်းရော နှစ်ယောက်လုံးမအားဘူး ရှင်တို့နှစ်ယောက်လုံးဘာလာလုပ်ကြတာလဲ""

ဒေးကလက်ထဲကချိုင့်ကိုမြှောက်ပြလိုက်ပြီး""ထမင်းချိုင့်လာပို့ပေးတာ""

နွယ်နီကဝီလျှံကိုကြည့်လိုက်ပြီး""ဒါဆို
ကိုဝီလျှံရှင်ကရော""

""ကျွန်တော်ကတော့ သူ့လိုထမင်းချိုင့်မပါဘူး ဒါပေမဲ့ခွန်းကိုနေ့လည်စာအတူစားဖို့လာခေါ်တာ""

""အဲ့တာဆိုရင်တော့ ရှင်တို့နှစ်ယောက်လုံးပြန်လိုက်ကြတော့ ဘာလို့ဆို ဒေါက်တာယံရော ဒေါက်တာခွန်းရောနှစ်ယောက်လုံး နေ့လည်စာစားပြီးကြပြီ ပြီးတော့ဒီနေ့ နေ့လည်တစ်နာရီ ဆရာဝန်ကြီးနဲ့အတူခွဲစိတ်ခန်းဝင်ဖို့ရှိတယ် ရှင်တို့သူတို့ကို မနှောင့်ယှက်နဲ့တော့""

ဒေးရောဝီလျှံရော မှိုင်တိုင်တိုင်နဲ့ ဆေးရုံအပြင်ပြန်ထွက်လာကြတယ်

အပြင်ရောက်တော့ဝီလျှံက""ဒေးမင်းသူနဲ့ဘာဖြစ်ထားတာလဲ""

""မင်းကရော""

ဝီလျှံကမှုန်ကုတ်ကုတ်နဲ့နောက်စိကဆံပင်တွေကိုဆွဲဖွလိုက်ပြီး""ငါအရင်မေးတာ မင်းအရင်ဖြေ""

""ငါယံကိုနမ်းလိုက်မိတာ""

""ဟေး! အဲတာကြောင့်သူမင်းကိုစိတ်ဆိုးသွားတာလား""

""ငါမသိဘူး မင်းကရောဘာဖြစ်လာတာလဲ""

""ငါ့စော်နဲ့ကွိုင်လာတာ""

""မင်းစော်နဲ့ကွိုင်တာနဲ့ စိုင်းခွန်းစနဲ့ကဘာဆိုင်လို့လဲ""

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now