Extra1(Uni/ZG)

2.5K 106 7
                                    

အဖြူရောင်လက်ထပ်ပိန်းပန်း‌‌တွေနဲ့ချည်းအလှတန်ဆာဆင်ထားတဲ့ မင်္ဂလာခန်းမအတွင်း
Edsheeranရဲ့Perfectသီချင်းကိုဖွင့်ထားပြီး မင်္ဂလာစင်မြင့်ထပ်မှာpilotဝတ်စုံပြည့်နဲ့အဖြူရောင်သတို့သားတစ်ယောက်ကခန့်ခန့်ညားညားမတ်တပ်ရပ်နေတယ်

"I found a love for me... Darling just drive right in,And follow my lead..."

"Well I found a boy, beautiful and sweet
Oh! I never knew you are the someone waiting for me"

ဒေးရင်တွေခုန်လွန်းလို့လက်ဖျားတွေတောင်အေးစက်နေမယ်ထင်တယ်

မနက်ထဲကယံမျက်နှာလေးကိုတစ်ခါမှမတွေ့ရသေးဘူး။

မင်္ဂလာလျှောက်လမ်းပေါ်နိုင်းဇက်နဲ့ယွန်မီကအဖြူ‌ရောင်အ‌နောက်တိုင်းဝတ်စုံပြည့်နဲ့ပန်းခြင်းလေးကိုင်ပြီး သိမ်မွေ့စွာလျှောက်လာကြတယ်

အစ်ကိုနဲ့အစ်ကိုဇက်ကလည်း အဖြူရောင်suitဆင်တူနဲ့အောက်မှာထိုင်ပြီးပြုံးပြုံးကြီးကြည့်နေတယ်

သတို့သားနောက်ထပ်တစ်ယောက်က သူ့အဖေလက်ကိုတွဲပြီးထွက်လာတော့ ဧည့်ပရိတ်သတ်တွေအကုန်လက်ခုပ်ဩဘာတီးပြီးဂုဏ်ပြုကြတယ်

White suitဝတ်ထားတဲ့ယံက အဖြူရောင်နတ်သားလေးလိုပင် ချောမောခန့်ညားနေသည်

ယံရဲ့ဖြူစင်တဲ့အပြုံးလေးတွေကိုမြင်လိုက်ရတဲ့အချိန်မှာ ဒေးစိတ်တွေလုံးဝတင်းမထားနိုင်တော့ဘူး။

နှုတ်ခမ်းလွှာနှစ်ခုကိုအပေါ်အောက်ဖိကြိတ်လိုက်ပြီး ခေါင်းကိုအောက်ငုံ့ချလိုက်တယ်

မျက်လုံးကိုလက်မနဲ့ဖိပြီးဒေးမျက်ရည်သုတ်တယ်

"ကိုကို ဒေးဝမ်းသားလွန်းလို့ငိုနေတာကြည့်ပါအုံး ကျွန်တော်ပါငိုချင်လာပြီ"

ဇက်ကခြေချိတ်ထိုင်နေရင်းနီယွန်ပုခုံးကိုဖက်ပြီးနှစ်သိမ့်ပေးတယ်

"အဲ့ကောင်က သက်ဝေယံကိုရဖို့ဆယ်နှစ်ဆယ်မိုးစောင့်ခဲ့ရတာလေ သူဒီလောက်တော့ပျော်မှာပေါ့ချာတိတ်ရဲ့"

ဒေးခေါင်းပြန်မော့လိုက်ပြီး အငိုမျက်လုံးအပြုံးမျက်နှာနဲ့ ယံကိုငေးကြည့်နေတယ်

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now