Part14(Uni/ZG)

4.6K 231 4
                                    

""နောက်ဆုံးတော့ရန်ကုန်မြေကိုခြေပြန်ချရတော့မယ်ဟေ့""နွယ်နီကကားပေါ်ကိုတက်လာပြီးရှေ့ဆုံးကခုံမှာဝင်ထိုင်တယ်

ဝီလျှံကကား‌ပေါ်မတက်ခင် သူ့လက်တွေကိုကြည့်လိုက်ပြီး""ကြည့်ပါအုံး ငါ့အသားတွေများမဲသွားလိုက်တာ အညာသားကျောကုန်းကြီးအတိုင်းပဲ""

ခွန်းကသူ့ကိုကြည့်ပြီး မချိပြုံးပြုံးပြတယ်

""မင်းဘာပြုံးတာလဲခွန်း""

""အော်...ဘာမှမဟုတ်ပါဘူး ကျွန်တော့်တစ်သတ် ခင်ဗျားလောက်အလှပကြိုက်တဲ့သူမတွေ့ဖူးလို့""

""ဘယ်တွေ့ဖူးမလဲ မင်းတို့လိုဆရာဝန်တွေက ရုပ်မချောလဲဆရာဝန်လုပ်လို့ရတယ်လေ ကိုယ်တို့လိုpilotတွေဆိုတာက အရပ်ရှည်ရမယ် ရုပ်ချောရမယ် မျက်စိနဲ့အကြားအာရုံကောင်းရမယ် ဆုံးဖြတ်ချက်ခိုင်မာရမယ် ဉာဏ်ကောင်းရမယ် ပတ်ဝန်းကျင်လေ့လာမှုအားကောင်းရမယ် စသဖြင့်ပေါ့ကွာ အဲ့ဒီ့လိုအချက်တွေနဲ့ပြည့်စုံနေမှpilotတစ်ယောက်ဖြစ်လာနိုင်တာလေ""

ခွန်းကနှာမှုတ်လိုက်ပြီး""ခင်ဗျားကလေ တော့်တော့်ကိုလေကြီးတဲ့သူပဲ ကျွန်တော်တို့လိုဆရာဝန်တွေဆိုတာကလည်း လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ဖို့ ကျွန်တော်တို့ဘဝတွေကိုရင်းနှီးပေးဆပ်ထားရတာပါ ခင်ဗျားတို့လိုအသက်မွေးဝမ်းကျောင်းတစ်ခုထဲကြောင့် ဒီဆရာဝန်အလုပ်ကိုရွေးချယ်ခဲ့ကြတာမဟုတ်ဘူး မစော်ကားနဲ့""ခွန်းက စိတ်ဆိုးပြီးကားပေါ်ကို ခြေဆောင့်တက်သွားသည်

""ခွန်း ကိုယ်ပြောတဲ့ထဲမှာ မင်းတို့ဆရာဝန်‌တွေကိုစော်ကားတဲ့စကားတစ်ခွန်းမှမပါဘူးလေကွာ""
ဝီလျှံက ကားပေါ်ပြေးတက်သွားပြီး ခွန်းဘေးမှာဝင်ထိုင်လိုက်တယ်

""ခွန်း""

""မပြောနဲ့!""

>>>>>>>>>>>>>>>>>>

ဒေးက ကျွန်တော်ခြေထောက်နာနေတာကြောင့် အိတ်တွေအကုန်သူပဲလွယ်ထားပြီး ကားပေါ်တက်တော့ ကျွန်တော့်ကိုလက်ကမ်းပေး‌နေသေးတယ်""ဖြေးဖြေးတက်နော်ယံ""

""ရပါတယ် ကျွန်တော့်ခြေထောက်ကအရမ်းမနာတော့ပါဘူး""ယံကသူ့လက်ကိုဆုတ်ကိုင်ပြီးကားပေါ်တက်လာတယ် ကားကAlphardရှစ်ယောက်စီးကားလေးမို့ နှစ်စီးခွဲပြန်ကြတယ်

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now