Part - {50}

88 11 0
                                    

စာချုပ်ထဲမှာ ဘယ်သူ့အတွက်မှ မကောင်းတဲ့ သတ်မှတ်ချက်တွေ ပါဝင်တယ်။

ဒါပေမဲ့လည်း ဂိတ်ပေါက်တွေက အခုမှ စတင်ပြီး ပေါ်လာကြတာဆိုတော့ လူနည်းနည်းလေးကပဲ ဂိတ်ပေါက်တွေရဲ့ အန္တရာယ်ကြားစွန့်စားရတာကို သိကြတာ။ ဒါကြောင့် အဖွဲ့အစည်းထဲ အဖွဲ့ဝင်လိုက်တာက လုပ်ငန်းကြီးတစ်ခုကနေ လစာအများကြီး ရတာနဲ့ တူညီနေတယ်လေ။
(T/N : အန္တရာယ်များကြတာကို မသိတာကြောင့် အဖွဲ့ဝင်လိုက်ရုံနဲ့ ပိုက်ဆံများများ ရမယ်လို့ ထင်နေကြတာ။)

အခြားအကျိုးခံစားခွင့်တွေလည်း ရှိပါတယ်။ အရင်က ပြောခဲ့သလိုမျိုး၊ လူတစ်ဦးက ဆောင်းဝန်းကျန်းမာရေးဖောင်ဒေးရှင်းကနေ အခမဲ့ ကုသခွင့်တွေ ရမယ်၊ ဒါပေမဲ့ ဆောင်းဝန်းကျန်းမာရေးဖောင်ဒေးရှင်းရဲ့ ဆောင်းဝန်းကျန်းမာရေးစင်တာဆိုတာက ကိုးရီးယားမှာ ရှိတဲ့ အတော်ဆုံး ကျန်းမာရေး ပညာရှင်တွေ ရှိတဲ့နေရာ။ နိုင်ငံရပ်ခြားကနေ ခွဲစိတ်မှုတွေအတွက် လာကြရတဲ့ အတိုင်းအတာအထိလေ။

ဆက်တိုက်ပဲမလို့ လူနာတွေက အလှည့်ကျလာဖို့ စောင့်ဆိုင်းရတာမျိုးတွေတော့ ရှိပေမဲ့ အဖွဲ့ဝင်တွေကကြတော့ အရင်ဆုံး ကုသခွင့် ရကြတယ်။ အခြေအနေ ပြင်းထန်တာ၊ မပြင်းထန်တာအပေါ် မူတည်ပြီး အရင်ဆုံးကုသခွင့်က ငြင်းပယ်ခံရတာမျိုးတွေလည်း ရှိပေမဲ့ အခြားအကြောင်းအရာ မရှိရင်တော့ အဖွဲ့ဝင်တွေက အခြားလူတွေထက် အရင်ဦးစားပေးပဲ။

“အကျိုးခံစားခွင့်တွေက အခုလို ရတယ်ဆိုရင် လုပ်ရမဲ့ အလုပ်တွေက အတော်လေး များမှာပဲ။”

အဖွား ပြောလာတဲ့ စကားအပေါ် ကျွန်တော် ပြုံးပြီးပဲ တုံ့ပြန်လိုက်တယ်။ ရှေ့လျှောက် ဂျန်အွန်ယောလ် ရရှိမဲ့ ဆုကြေးတွေနဲ့ သတ်မှတ်ချက်တွေကို ကျွန်တော် ရှင်းပြလိုက်ပေမဲ့ အွန်ယောလ် ဘာလုပ်ရမှာလဲဆိုတာကိုတော့ ကျွန်တော် ဘယ်တော့မှ မပြောပြဘူး။

ကျွန်တော် ဘာမှ မပြောလည်း သူမဘာသာ စာရွက်လှန်ပြီး စစ်ဆေးကြည့်နေတာပဲဟာ။

ဘဝတစ်သက်တာစာချုပ်ထဲက မလိုတာတွေ မသိကြစေမဲ့ ဘာသာစကားကလွဲရင် တရားဝင်ချိတ်ဆက်တဲ့စာချုပ်မှာ ဘာပြဿနာမှ မရှိဘူး။

You've reached the end of published parts.

⏰ Last updated: Feb 03 ⏰

Add this story to your Library to get notified about new parts!

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Zawgyi)Where stories live. Discover now