Ch-42

1.5K 229 1
                                    

[Unicode]

သူတို့အိမ်နီးချင်း ကျန်းမိသားစုတွင်မူ အနံ့တွေက မွှေးပျံ့နေလျက်။ ပုံမှန်ဆို စုံတွဲတွေက အနံ့ကြောင့် ဆွဲဆောင်ခံရပြီး သူတို့တံခါးကို လာခေါက်ကြမည်ဖြစ်၏။

ထိုအချိန်တွင် အိမ်နီးချင်း ခင်မင်ရင်းနှီးမှုအရ ကျန်းမိသားစုက ရက်ရက်ရောရော ဟင်းတစ်ခွက် ဝေမျှပေးမည်မှာ သဘာဝပင်။ သူတို့ရဲ့ ဟင်းတစ်ခွက်က ဟွမ်ရင်းရင်း၏လက်ရာကို အရသာခံနိုင်ပြီး အနာဂတ်ကိစ္စတွေအတွက် အဆင်ပြေသွားစေမှာပါ။

ကျန်းချန်ပေ့သည် အမျိုးသားအရာရှိများ၏ မနာလိုခြင်းကို ခံရနိုင်ပြီး ဟွမ်ရင်းရင်းသည်လည်း သူမဟင်းချက်လက်ရာအတွက် မရေမတွက်နိုင်တဲ့ ချီးကျူးစကားတွေကို ကြားနိုင်ပေမည်။

သို့ပေသိ ဒီလုမိသားစု စုံတွဲကတော့ ပုံမှန်အတိုင်း မပြုမူခဲ့ကြပေ။ သူတို့ ဟင်းအနံ့တွေ မရကြဘူးလားဟ?!

ဘေးအိမ်က အိမ်ကလည်း သူတို့ဘာသာ ဟင်းချက်စားကြသည်ပင်။ ကျန်းချန်ပေ့ သူတို့အိမ်တစ်ဝိုက်သို့ လှည့်ပတ်သွားကာ ဘာမွှေးရနံ့မှ မရဘဲ သာမန်ပင်လယ်စာပြုတ်အနံ့သာရခဲ့လေသည်။

ကြည့်ရတာ ဘေးအိမ်က အမျိုးသမီးရဲ့ ဟင်းချက်လက်ရာက သိပ်ကောင်းပုံမပေါ်ဘူးပဲ။

ကျန်းချန်ပေ့က အရသာပြင်းပြင်းတွေကို နှစ်ခြိုက်သူပင်။ သူက ပြုတ်တာ၊ ပေါင်းတာတွေကို လုံးဝမကြိုက်သည့်အပြင် အခြေခံအားဖြင့် စစ်တပ်ကန်တင်းရှိ စားစရာတွေမှာ အစပ်မထည့်တတ်၍ လူတွေက ကိုယ့်ဘာသာ ငရုတ်သီးဆော့စ် ထည့်ကာ စားရသဖြင့် အရသာသိပ်မကောင်းပါချေ။

ပင်လယ်စာပြုတ်ဟာ ကျန်းချန်ပေ့ကို အော့အန်နိုင်စေ၏။

ဘေးအိမ်က လတ်လတ်ဆတ်ဆတ် တစ်ခုခုစားနေတာများလား?

ဒုတိယနေ့မှာလည်း ကျန်းချန်ပေ့နဲ့ သူ့ဇနီးတို့ဟာ ဘေးအိမ်က ဇနီးမောင်နှံအသစ်ကို အာရုံစိုက်နေဆဲ။ သူတို့နှစ်ယောက်ဟာ မနက်ခင်းမှာ ဘာမှမလုပ်ဘဲ မွန်းတည့်ချိန်၌ ဖက်ထုပ်လုပ်စားကြကာ နေ့လယ်တွင် ခြံထဲမှာ ထုရိုက်သံတွေကြားနေခဲ့ရ၏။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now