CH-88

954 146 3
                                    

Unicode

"နင့်ရဲ့ ယောက္ခမတွေက နင့်ကို အထည်တွေ အများကြီးပေးထားတာပဲ။ သူတို့က အရမ်းရက်ရောကြတယ်ဆိုတော့ နင်လည်း သူတို့နဲ့ အဆင်ပြေအောင် နေရမယ်နော်"

ဤခေတ်တွင် တခြားအရာတွေက တန်ဖိုးမကြီးသော်လည်း ချည်ထည်တွေက ဈေးအကြီးဆုံးဖြစ်သလို တစ်နှစ်မှာ အထည်လက်မှတ်တွေ အများကြီးမရနိုင်ပါချေ။ ဤနေရာရှိလူတွေလိုမျိုး စားသောက်ဖို့ လုံလုံလောက်လောက်ရှိသော်ငြား အဝတ်အစားချုပ်လုပ်ရန်အတွက် ကုန်ကြမ်းဝယ်ဖို့ ပိုက်ဆံရှာရတာ ပြဿနာကြီးတစ်ခုပင်။

ငွေရှာရတာ ခက်ခဲလှ၏။ ပင်လယ်ခရု၊ ပြည်ကြီးမျှော့နှင့် ပုစွန်ထုပ်တွေဟာ တန်ဖိုးအများကြီးမရှိပါချေ။ ဆင့်အနည်းငယ်ဟာ ဝက်သားတစ်ပေါင်ကို ဝယ်နိုင်ပေမယ့် ငါးအသားလွှာဆို ပေါင်သုံးဆယ်ကနေ လေးဆယ်ခန့် ဝယ်လို့ရ၏။ တခြားပင်လယ်စာသေးသေးလေးတွေကိုတော့ လမ်းမပေါ်မှာ ပစ်ထားခဲ့ရင်တောင် ဘယ်သူမှ ဂရုမစိုက်ကြပေ။

ကင်းပုစွန်ကဲ့သို့သော အကောင်လေးတွေကို မြေသြဇာအဖြစ် တွင်းတွေထဲ ပစ်ချတတ်လေသည်။

"ငါ သူ့မိဘတွေနဲ့ မဆုံဖူးသေးဘူး၊ ဒါကြောင့် ငါတို့အဆင်ပြေပါ့မလားတော့ ငါလည်းမသိသေးပါဘူးဟာ။ ငါ သူတို့နဲ့ စကားနည်းနည်းလောက်ပဲ ဖုန်းပြောဖူးတာ"

ချင်းရို့သည် အထည်များစွာကို လက်ခံရရှိချိန်မှာတော့ တကယ့်ကို ထိတ်လန့်သွားခဲ့ရ၏။ ယခုအချိန်တွင် ချည်ထည်ထုတ်လုပ်မှုမှာ နည်းပါးနေသေးသဖြင့် ဝယ်ယူဖို့ ခက်ခဲသလို ပိုက်ဆံရှိရင်တောင်မှ ဝယ်ဖို့မလွယ်ကူပါချေ။ အထည်လက်မှတ်တွေက များများစားစားမရှိ၍ ချွေချွေတာတာသာ သုံးစွဲနိုင်လေ၏။ အိမ်မှာ ကလေးတွေရှိရင် ဒုတိယကလေးက အကြီးဆုံးကလေးရဲ့ အဝတ်အစားတွေကို ဝတ်ရလေသည်။

သို့သော် ယခုအချိန်တွင် အစိမ်းရောင် စစ်ယူနီဖောင်းနှင့် အပြာရောင် စစ်ယူနီဖောင်းတို့ဟာ ရေပန်းစားနေသဖြင့် လူတွေက စစ်သားဖြစ်ပြီးနောက် စစ်ယူနီဖောင်းတွေရပြီဆိုပါက အထည်လက်မှတ်များစွာ သိမ်းဆည်းနိုင်ကြပြီဖြစ်သည်။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now