CH-85

768 122 0
                                    

Unicode

ချင်းရို့ အစ်မနဲ့ သူမခင်ပွန်းရဲ့ မိသားစုက လုအိမ်သို့ နေ့လည်စာစားဖို့ သွားခဲ့ကြသည်။ ချင်းမျန့်သည် သူမညီမရဲ့ ခြံဝင်းကို သွားတိုင်း မယုံကြည်နိုင်သလို ခံစားမိကာ သက်ပြင်းချလျက် "ဒါတွေက တကယ်ပဲ ငါ့ညီမလေး လုပ်ထားတာပေါ့လေ။ ဟုတ်တယ်၊ ဒါက ငါ့ညီမလေး စိုက်ပျိုးထားတာတွေပဲဟ၊ အရမ်းတီထွင်တတ်တာပဲဟာ၊ အရမ်းမိုက်တာပဲ"

ချန်မျန့် ပြောလာသည်မှာ "မင်းအိမ်ထောင်မပြုခင်က မင်းဘယ်လိုပုံစံလဲ စဉ်းစားကြည့်လိုက်"

ချင်းမျန့် "…"

ကြည့်ရတာ ဒီလူက အရိုက်ခံဖို့လိုနေပြီပဲ!

ချင်းရို့က တစ်ဖက်တွင် ရယ်မောနေရင်း ချင်းမျန့်ကို ဆွဲခေါ်ကာ ပြုံး၍ ပြောလိုက်၏။ "ငါ့ခဲအိုက မူလတန်းပြဆရာ ဖြစ်သင့်တယ်လို့ ထင်တယ်နော်"

ထိုအချိန်တုန်းက သူအရမ်းတိတ်ဆိတ်နေခဲ့သော်လည်း ယခု မူလတန်းကျောင်းသားလေးတွေနှင့် အချိန်အတော်ကြာအောင် ပြောဆိုဆက်ဆံနေခဲ့ရတာကြောင့် စကားလည်း ပိုပြောလာခဲ့လေပြီ။

"ငါလည်း သူ မူလတန်းကျောင်းဆရာဖြစ်လာတာကို သဘောကျတယ်" ချင်းမျန့်က သူမရဲ့တင်ပါးပေါ်မှာ လက်တင်လိုက်ပြီး "သူ့ကျောင်းသားတွေ​ကို ဒေါသထွက်ရလွန်းလို့ အိမ်မှာ ဆွေ့ဆွေ့ခုန်နေတာကို မြင်ရတာ ကြိုက်တယ်ဟယ်"

ချင်းမျန့်နှင့် ချင်းရို့တို့က မီးဖိုချောင်တွင် ချက်ပြုတ်နေကြ၏။ ချင်းမျန့်က ဒလိမ့်တုံးတွေ အများကြီးရှိနေတာကို မြင်တဲ့အခါ ချီတုံချတုံဖြင့် မေးလာခဲ့သည်။ "... ဒီလောက်အများကြီးပဲ၊ ဒါတွေနဲ့ နင် ဘာလုပ်တာလဲဟယ်?"

"ဒလိမ့်တုံးလေ၊ နင် မသုံးဘူးလား မမရာ?"

"ဒါက ဒလိမ့်တုံးဆိုတာ ငါသိတယ်လေ၊ ဒါပေမယ့် ငါ မေးတာက နင် အကုန်လုံးသုံးလို့လားလို့?"

"မဟုတ်ပါဘူး" ချင်းရို့ အရှက်မဲ့စွာ ပြန်ဖြေလိုက်၏။

"နင် ဝယ်ထားတာအများကြီးကို"

ချင်းရို့ အရမ်းဂုဏ်ယူစွာနဲ့ ပြောလာလေ၏။ "နင့်မတ်က အဲဒါကို သုံးရတာကြိုက်တယ်လေ။ ငါက လှဲအိပ်နေပြီး စားရုံပဲ။ သူလုပ်တဲ့ ဘန်းမုန့်ပေါင်းကြီးတွေက အရမ်းအရသာရှိတာနော်၊ ပြီးတော့ သူက ဖက်ထုပ်တွေတောင် လုပ်တတ်သေးတယ်ဟာ..."

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now