2

829 156 32
                                    

နောက်တနေ့၌ Orpheusသည် Athens စျေးအတွင်း၌ သူ၏ အလှတရားလေးအား လာရောက်စောင့်စားသည်။

သို့ရာတွင်မူ အချိန်တွေသာလင့်သွားပေမယ့် မျှော်လင့်နေသူသည်ပေါ်မလာပါချေ။

နှလုံးသားထဲထိစွဲမြဲနေပါသော "Eurydice Kim"ဟူသော အမည်နာမလေးအား တဖွဖွရေရွတ်ရင်းသာအချိန်တွေကုန်ဆုံးလျက်ရှ်ိသည်။

ရွှေအဆင်းပိုင်ရှင်အား သူသည် မျက်နှာလေးအားမော်ဖူးချင်သည်။နူးညံ့သည်လက်ကလေးအား နွေးထွေးစွာဆုပ်ကိုင်ချင်သည်။သြရှရှအသံလေးအားလည်း နောက်တစ်ကြိမ်ထပ်မံ၍ ကြားလိုသေးသည်။သူ၏နှလုံးသည်းပွတ်အတွင်းမှ လွမ်းဆွတ်တမ်းတသည့်ဝေဒနါသည်ပြင်းထန်စွာကြီးစိုးလျက်ရှိနေတော့သည်။

ဒီရက်ပိုင်းတွေမှာဖြင်​့ Orpheusဟာ Athensစျေးအတွင်းဝယ်တဝဲလည်လည်။နေရပ်ကိုပါမသိရသည့်အတွက် သူဟာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုပင်။

သူ၏ အနည်းငယ်မျှစုံစမ်းကြည့်သောအခါ Eurydice Kimသည် Athensမြို့၏ နာမည်အကျော်ကြားဆုံးအလှတရားဖြစ်ကြောင်းသိရှိလိုက်ရသည်။ထို့အပြင် သူ၏အလှတရားလေးသည် Remusဟူသော လူဖြင့် လက်ထပ်ထိန်းမြှားတော့မည်ဖြစ်ကြောင်း သတင်းသဲ့သဲ့ပါကြားသိလိုက်ရသဖြင့် သူ၏ ရင်အစုံသည် ပူလောင်သွားခဲ့သည်။

တစ်ကြိမ်တစ်ခါမျှသာ တွေ့ဆုံဖူးသည့် သူ့အဖို့ အခွင့်အရေးဆိုတာရှိနိုင်ပါတော့မည်လား.....။ယခင်က lyreတစ်လက်ဖြင့် သံဇဥ်တွေကိုဖန်တီးရင်း ဘဝကိုပျော်ရွှင်စွာနေထိုင်ဖြတ်သန်းခဲ့သော Orpheusသည် ယခုမူ သူ၏စိတ်တို့ဟာလေးလံနေပြီး ပျော်ရွှင်ခြင်းအလျင်းမရှိချေ။lyreကိုပင် တီးခတ်ချင်စိတ်ရှိမနေတော့။

သူဟာ အချစ်ဆိုသည့်အရာနှင့်ထိတွေ့မိပြီးနောက် စားစားသွားသွား ဒီစိတ်သာကြီးစိုးနေတော့သည်။

သူ၏အလှတရားလေးအား ပိုင်ဆိုင်ချင်သည်။မျက်ဝန်းပြာလေးများအား တစိမ့်စိမ့်ငေးမောကြည့်ရင်း အနမ်းဖွဖွပေးချင်မိသည်။သူဖွဲ့ဆိုထားသည့် အချစ်ကဗျာများအား မျက်ဝန်းပြာလေးသိအောင်ရွတ်ဆိုပြချင်မိသည်။

Orpheusသည် တကယ်ကိုပင် ချစ်ခြင်းတရား၌ ကျရှုံးသွားခဲ့ပြီဖြစ်သည်။ သူ့ဘဝသက်တမ်းတစ်လျှောက်၌ သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရင်ခုန်စိတ်လှုပ်ရှားခဲ့ခြင်းမရှိချေ။ဂီတသံဇဥ်တွေသည်သာ သူ့ဘဝ၏အချစ်ဆုံးဖြစ်သည်။သူ၏ဘဝထဲသို့ မျက်ဝန်းပြာပိုင်ရှင်လေးဟာ ခွင့်မတောင်းဘဲ ဝင်ရောက်လာခဲ့ပြီး သူ၏နှလုံးသားတစ်စုံကို ခိုးယူသွားခဲ့ပါသည်။

The Greatest Love story(Complete)Where stories live. Discover now