4

484 93 12
                                    

အချိန်တွေဟာ တဖြည်းဖြည်းနဲ့ကုန်ဆုံးလာခဲ့သည်။

Orpheusဟာလည်း Athens၌သာ သောင်တင်နေတော့သည်။

နေ့ရက်တွေကုန်ဆုံးလာသည်နှင့်အမျှ Orpheusနှင့် Eurydiceတို့၏ အချစ်ကြိုးကလေးဟာ ခိုင်မာမြဲမြံလျက်ပင်။

အချစ်စစ်တို့မည်သည် မဖြောင့်ဖြူးဟူသည့် စကားပုံအတိုင်း သူတို့၏ အကြောင်းကို Remusမှတစ်ဆင့် Eurydice၏ မိဘများနားသို့ပေါက်ကြားကုန်တော့သည်။

Remusက Eurydiceကို အသေရရ အရှင်ရရလိုချင်နေသူဖြစ်သည်။သူသည် Eurydiceကဲ့သို့ နတ်ဘုရားတမျှ ချောမောလှပလွန်းသူအား အပိုင်လိုချင်သည်။Eurydiceသည် သူ့ကိုပဲချစ်ရမည်။တခြားသူကိုချစ်၍မရ။Eurydiceကို သူ့အပိုင်ဖြစ်သတ်မှတ်ထားပြီးသား။သူ့အပိုင်အဖြစ်သတ်မှတ်ထားပြီးသားပစ္စည်းတစ်ခုအား လာလုယူသူသည် သူ၏မဟာရန်သူတော်ပင်။သူက အတ္တသိပ်ကြီးတယ်။သူအပိုင်ရရင်ရ မရရင် တခြားသူလည်းပိုင်ဆိုင်ခွင့်မရှိအောင်ဖျက်ဆီးပစ်မှာ။

Eurydiceတို့၏ အိမ်တော်၌ စည်းကမ်းကိုနှစ်ဆတင်းကြပ်ပြီး အစောင့်ချထားလေသည်။Remusကလည်း သူ့လူအများအပြားကို စေလွှတ်ပြီး Eurydiceကို စောင့်ကြည့်စေသည်။

မိဘတွေက Eurydiceကို အိပ်ဆောင်ထဲကနေ အပြင်သို့လုံးဝထွက်ခွင့်မပေးတော့။မောင်နှင့်မတွေ့ရသည်မှာ သုံးရက်ခန့်ရှိနေပြီဖြစ်သည်။Remusက မောင့်ကို အင်အားသုံးပြီး အန္တရာယ်ပြုမှာလည်း စိုးရိမ်ရပြန်သည်။Eurydiceသည် မိမိကိုယ်ကိုယ်ထက် Orpheusဒုက္ခရောက်မည်ကိုသာတွေးတော၍ ပူပန်နေမိသည်။သူသည် Orpheusကိုအသက်တမျှချစ်တာကြောင့် ဒဏ်ရာအနာတရမပြောနှင့် ထိခိုက်ပွန်းပဲ့ရာ သေးသေးလေးတောင်မရစေချင်။မိဘတွေကလည်း Remusနှင့်အမြန်ဆုံးထိန်းမြှားရန်စီစဥ်နေကြပြီဖြစ်သည်။ဒီအခြေအနေကြီးမှ အမြန်ဆုံးလွတ်မြောက်ရန်အတွက် ကြိုးစားနေတော့သည်။

စတုတ္ထမြောက်နေ့၌မူ Eurydice Kimရှိရာသို့ စားသောက်ဖွယ်ရာများအားလာရောက်ပို့ဆောင်သောအစေခံမိန်းကလေးမှတစ်ဆင့် Orpheusသည် စာချွန်တော်တစ်ဆောင်အား ပါးလိုက်လေသည်။

ထိုစာထဲ၌ Orpheusကသူ့ကိုမည်မျှ လွမ်းဆွတ်ကြောင်းနှင့် ညဥ့်သန်းခေါင်ယံအချိန်၌ လာရောက်တွေ့ဆုံမည်ဖြစ်ကြောင်းကိုပါ ထည့်သွင်းရေးသားထားလေသည်။Eurydiceမှာ ရင်တထိတ်ထိတ်။မောင်ကလာတွေ့ခဲ့လျှင် သေချာပေါက်Remusရဲ့လူတွေနဲ့ရင်ဆိုင်ရမှာ။မောင့်ကိုအထင်သေးတာမျိုးမဟုတ်ပေမယ့် မောင့်လိုမျိုး အနုပညာသမားက ကြမ်းကြမ်းရမ်းရမ်းလူတွေနဲ့ယှဥ်နိုင်ပါမည်တဲ့လား။မောင်နဲ့တွေ့ရမှာမို့ ပျော်လည်းပျော်သလို ရင်လည်းခုန်သည်။တစ်ဖက်၌လည်း စိုးရိမ်ကြောင့်ကျစိတ်က လွန်ဆွဲနေတော့သည်။

The Greatest Love story(Complete)Where stories live. Discover now