အချိန်ကာလတွေဟာ ကြာညောင်းလာသည်နှင့်အမျှ Athensမြို့တော်၌ Eurydice Kim၏အကြောင်းဟာ မေ့ပျောက်စပြုနေပြီဖြစ်သည်။
Orpheusနှင့် Eurydiceတို့ဟာလည်း Hymenois၏ ဟောကိန်းအား မေ့မေ့ပျောက်ပျောက်ရှိကာ ပျော်ရွှင်နေကြဆဲဖြစ်သည်။
သူတို့နှစ်ယောက်၏ကမ္ဘာလေးဟာ နိဗ္ဗာန်ဘုံပမာ။Orpheusဟာ နေ့စဥ် Eurydiceအားချစ်ကြောင်းကို စာတစ်တန်ပေတစ်တန်ဖွဲ့ဆိုထားသော ကဗျာများရွတ်ပြတတ်သလို ညအိပ်ယာဝင်ချိန်၌လည်း တေးသီချင်းတစ်ပုဒ်ကိုအမြဲသီဆိုပြလေ့ရှိသည်။
သူတို့ဟာ တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြသည်ကြောင့်Hymenois၏ဟောကိန်းအားလျစ်လျူရှုထားခဲ့ကြသလို သူတို့နှစ်ယောက်အားမည်သည့်အရာကမှ မခွဲနိုင်ဟူ၍လည်းယုံကြည်နေကြသည်။
ကြီးမားသောသစ်ပင်ကြီး၌ နွယ်ကြိုးများဖြင့် ဆင်ပေးထားသော ဒန်းပေါ်၌ Eurydiceကထိုင်နေခြင်းဖြစ်သည်။Orpheusကမူ ဒန်းအား အသာအယာလွှဲပေးနေလေသည်။Eurydice၏ဆံပင်လေးတွေက အနည်းငယ်ရှည်ဘာသောအခါ အဖျားက ခပ်ကောက်ကောက်အနေအထားဖြစ်သည်။နားရွက်ကြား၌မူ Orpheusခူးပေးထားသော တောပန်းနီနီလေးတစ်ပွင့်ကနေရာယူထားလျက်ရှိသည်။
Orpheusဟာ Eurydice၏ပျော်ရွှင်နေပုံလေးကိုကြည့်ပြီးမြတ်နိုးမဝ။သို့ပေမယ့် သူ့စိတ်အစဥ်ဟာ ဒီနေ့မှ ထူးခြားစွာ လေးလံနေခဲ့တယ်။သူဟာ တစ်စုံတစ်ခုကို ဆုံးရှုံးရတော့မည်သကဲ့သို့ ခံစားနေရလေသည်။ညတုန်းကလည်းသူဟာ ထူးဆန်းသည့်အိမ်မက်အားမြင်မက်ခဲ့လေသည်။အိမ်မက်ထဲ၌ နတ်ဆိုးတစ်ပါးဟာ သူ၏နှလုံးကို အရှင်လတ်လတ်ထုတ်ယူသွားခဲ့သည်ဟူ၍ မြင်မက်တာကြောင့် အတိတ်နမိတ်ကောင်းမဖြစ်တန်ရာ။
"မောင်!!!..ဘာတွေအတွေးလွန်နေတာလဲ..."
Eurydiceကသူ့လက်မောင်းကိုလှုပ်ကိုင်ပြီးခေါ်လာတော့မှ သတိဝင်လာရသည့်အဖြစ်။
"အင်း...မောင်နည်းနည်းအတွေးလွန်သွားလို့..."
Eurydiceသည်မနက်ကတည်းက မောင့်မျက်နှာဟာ မသာမယာဖြစ်နေသည်ကို ရိပ်မိနေခဲ့ပါသည်။
"မောင်..မနက်ကတည်းက မျက်နှာလည်းမကောင်းဘူး...ဘာဖြစ်လို့လဲဟင်...."