Ending

890 91 10
                                    

Orpheusသည် Eurydice၏ဝိညာဉ်ကို ဆောင်ယူရန်အတွက် မြေအောက်နိုင်ငံတော်သို့ခရီးနှင်ခဲ့လေသည်။

သူသည် Styx,မြစ်သို့ရောက်သောအခါ ကူးတို့သမားcharonအား ငွေအကြွေစေ့တစ်ပြားပေး၍ မြစ်ကိုကျော်ဖြတ်ရသည်။

Charonသည် ငရဲ၌ နှစ်ပေါင်းများစွာအမှုထမ်းနေသော ကူးတို့သမားဖြစ်သည်။

Charonသည် ခေါင်းထိလုံသော ၀တ်ရုံအနက်ရောင်အားဆင်မြန်းထားပြီး သူ၏လက်တစ်ဖက်၌ မီးဆွဲပုံးကိုကိုင်ကာ အခြားလက်တစ်ဖက်၌ လှော်တက်ကိုကိုင်ဆောင်ထားလေသည်။

သေဆုံးပြီးသည့်ဝိညာဉ်များဟာ ဘ၀ကူးရန်အတွက် styxမြစ်ကို Charon၏ လှေဖြင့်ကူးဖြတ်ရမည်ဖြစ်ပြီး ကူးတို့ခအဖြစ် Charonအား ငွေအ‌ကြွေစေ့တစ်ပြားပေးရမည်ဖြစ်သည်။အကယ်၍ charonအားငွေအကြွေစေ့မပေးဆောင်ပါကာ ဘ၀ကူးနိုင်ခြင်းမရှိဘဲ Styx,မြစ်ထဲ၌သာ နှစ်ပေါင်းတစ်ရာလှည့်လည်နေရမည်ဖြစ်သည်။

,မှောင်မှောင်မဲမဲ၌styx,မြစ်ပြင်ကျယ်သည် မြူခိုးတို့စိုင်းလျက်ရှိပြီး မြစ်လယ်ခေါင်၌ Charon၏မီးစွဲပုံးမှအလင်းရောင်ခပ်ပြပြသာ လင်းလျက်ရှိသည်။ငရဲပြည်၏Styx,မြစ်ဟာ တိတ်ဆိတ်ခြောက်ကပ်လျက်ရှိပြီး အင်မတန်မှကျောချမ်းဖွယ်ရာကောင်းလေသည်။

လှေပေါ်၌ပါလာသော Orpheusမှာ ပတ်၀န်းကျင်အားဂရုစိုက်နိုင်ခြင်းမရှိဘဲ သူ၏ချစ်သူကိုပြန်လည်ခေါ်ဆောင်ရန်သာအပူဇောကပ်လျက်ရှိလေသည်။အချိန်အတန်ကြာ‌styx,မြစ်ကိုဖြတ်ကျော်ပြီးနောက် Hadesစိုးစံရာ မြေအောက်နိုင်ငံတော်သို့ရောက်ရှိခဲ့လေသည်။

Hades၏မြေအောက်နိုင်ငံတော်သည် သေဆုံးပြီးဝိညာဉ်များနှင့်ပြည့်နှက်နေပြီး ထိုဝိညာဉ်တို့၏ပုံပန်းသွင်ပြင်မှာ မနှစ်မြို့ဖွယ်ရာအဆင်းသဏ္ဌာန်အတိပြီး၏။

တချို့သောဝိညာဉ်မျဟာ တရွေ့ရွေ့နှင့် Styxမြစ်ရှိရာသို့သွားလာနေကြပြီး သူ့အားမည်သူမျှ အရေးစိုက်ခြင်းမရှိ။သူဟာ ထိုဝိညာဉ်များကြား၌ Eurydiceကိုရှာဖွေသော်လည်းမ‌ေတွ့ချေ။

Orpheusသည် ဆက်လျက်ခရီးနှင်ခဲ့ရာ Hadesစိုးစံရာ ‌‌ငရဲနန်းတော်ဂိတ်၀သို့စိုက်ရောက်လာခဲ့လေသည်။

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Sep 22, 2023 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

The Greatest Love story(Complete)Opowieści tętniące życiem. Odkryj je teraz