5

515 81 9
                                    

မနက်လင်းသည့်အချိန်မှစ၍ Athensမြို့အတွင်း၌ Eurydice Kimပျောက်ဆုံးသွားသော သတင်းသည် အကုန်လုံးကို ရုတ်ရုတ်သဲသဲဖြစ်စေတော့သည်။

Remusဘက်က လူအင်အားသုံးပြီး တစ်မြို့လုံးမြေလှန်ရှာတာတောင် Eurydice၏သတင်းအစအနကိုပင်မသိရတော့။

Eurydice Kimပျောက်ဆုံးမှုနှင့်အတူ Athensစျေးအတွင်း၌ Lyreတစ်လက်ဖြင့် လှည့်လည်သွားလာနေသော လုလင်ပျိုအားလည်း နောက်နေ့များ၌ လုံးဝမတွေ့ရတော့​ချေ။

ထိုလုလင်ပျိုဟာ အကျော်အမော် ဂီတပညာရှင် Orpheusဖြစ်ကြောင်းကို Eurydiceမှအပ မည်သူမှမသိကြပေ။
***

နားထဲ၌ "တတောက်တောက်"ကြားနေရသော ရေစက်ကျသံတွေရယ်၊ ကျေးငှက်တို့၏ အော်မြည်သံတွေဟာ ရောယှက်လျက်။

နှစ်ခြိုက်စွာ အိပ်မောကျနေရာမှ မျက်လုံးအစုံဟာ မဖွင့်ချင်ဖွင့်ချင်နှင့် ပွင့်လာရသည်။နှာခေါင်းဝ၌ ပန်းပေါင်းစုံအနံ့ကဲ့သို့ ခပ်သင်းသင်းရနံ့ကလာရောက်ကျီစယ်နေလေသည်။

ဘေးဘီကိုအကဲခတ်ကြည့်တော့ သူရောက်နေသည်က ပန်းများဖြင့်ဖြန့်ခင်းထားသော ပန်းမွေ့ယာတစ်ခုပေါ်၌ ဖြစ်ပြီး ေဘးနားရှိကျောက်စားပွဲအဝိုင်းလေးပေါ်၌ ခပ်ကြီးကြီး မီးအလင်းတိုင်တစ်ခုအားထွန်းညှိထားလေသည်။

ဘေး၌ ကျောက်နံရံများအား ကြည့်ခြင်းအားဖြင့် သူရောက်ရှိနေသည်က ကျောက်အိမ်ကလေးတစ်လုံး ဖြစ်တန်ရာ။

ဦးနှောက်ထဲ၌ ဖျတ်ကနဲ သတိရသွားသည်က..မောင်..။

"မောင်!....မောင်! ...ဘယ်မှာလဲ!..."

သူဟာ အားကိုးရာပျောက်သောကလေးငယ်တစ်ယောက်ကဲ့သို့ မောင့်အား စိုးရိမ်တကြီး အော်ခေါ်လိုက်မိပါတော့သည်။

သူအခုရောက်နေတာက ဘယ်အရပ်ဒေသ ဘယ်နေရာမှန်းမသိချေ။ညတုန်းက မောင့်ရဲ့တေးဂီတသံကိုနားထောင်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်ကလွဲလို့ ဘာမှမမှတ်မိတော့။

"အော....မောင့်အသက်ကလေးနိုးနေပြီပဲ..."

သူရှိရာနေရာသို့ရောက်ရှိလာသော မောင့်လက်ထဲ၌ ပန်းသီးတချို့နှင့်သစ်တော်သီးတချို့ထည့်ထားသော ခြင်းတောင်းကြီးတစ်ခုပါလာလေသည်။

The Greatest Love story(Complete)Hikayelerin yaşadığı yer. Şimdi keşfedin