သခင်လေး(part1)

1K 27 0
                                    

ထေ၀ါယာစံအိမ်

ရွတ်!!ရွတ်!!ရွတ်!!ရွတ်!!ရွတ်!!ရွတ်!!

ရွတ်!!ရွတ်!!ရွတ်!!ရွတ်!!ရွတ်!!ရွတ်!!

ရွတ်!!ရွတ်!!ရွတ်!!ရွတ်!!ရွတ်!!ရွတ်!!

ထေ၀ါယာစံအိမ်ရဲ့အနောက်ဘက်ကျွန်တန်းလျားတွင်အမှားတစ်ခုကြောင့်အပြစ်ပေးခံနေရသောဒဏ္ဍာရီလေး..

ကြိမ်ဒဏ်အချက်၅၀တိတ်ကိုအပျိုတော်ထိန်းဒေါ်ဓုသာမှအပြစ်ပေးနေလေသည်။အကြောင်းမှာသခင်လေးဇမ္ဗူဒီပါရဲ့အခန်းထဲကိုသခင်မကြီးဒေါ်နန်းကလျာရဲ့ခွင့်ပြုချက်မရှိဘဲ၀င်မိခဲ့လို့ပင်...

အပျိုတော်များထဲမှမြနှင်းသဘင်လေးဟာသူမသူငယ်ချင်းအခုလိုဖြစ်ရတာသူမကြောင့်ဆိုပြီးအပြစ်မကင်းသလိုခံစားနေရလေသည်။

လက်၂ဖက်ကိုကြိုးနဲ့ချည်ခံထားရသည့်အပြင်ကျောပြင်ကိုကျရောက်လာသောကြိမ်ဒဏ်ကြောင့်ကျန်တဲ့အပျိုတော်များပါသူမအစားအတော်လေးနာကျင်နေလေပြီးသို့သော်ရိုက်နှက်ဒဏ်ကိုခံစားနေရသောသူမကတော့မငိုတဲ့အပြင်မျက်ရည်ပါမကျခဲ့ပါ..အခုလိုဖြစ်ရတာသူမအပြစ်ကြောင့်ဆိုပြီးသူမကိုယ်တိုင်အပြစ်ကိုကျေကျေနပ်နပ်ကြီးလက်ခံခဲ့သည်။ဒါဟာသူမအမြဲခံစားနေရတဲ့နာကျင်မှုဖြစ်နေလို့သူမနေသားကျနေပါပြီး''အရီ့ဘ၀ကသူတို့ထားလိုရာနေစေလိုရာသွားဘ၀နဲ့နေလာခဲ့ရတာပါ..ဒါဟာ၀ဋ်ကြွေးတစ်ခုဆိုရင်အရီဒီဘ၀မှာဘဲကျေကျေနပ်နပ်ကြီးပြန်ဆပ်ပါ့မယ်သခင်မကြီး''

ကြိမ်ဒဏ်နောက်ဆုံးချက်အပြီးမှာအရီ့ကိုယ်လေးမြေသို့ပြိုကျလာလေသည်။သိူ့သော်မြေသို့မကျမှီသူမဟာရင်ခွင်တစ်ခုထဲသို့ရောက်သွားလေသည်။မြနှင်းအရီ့ကိုယ်လေးမြေသို့မကျမှီမှာပင်အမြန်သွားကာပြေးထိန်းပြီးရင်ခွင်ထဲမှာထည့်ထားကငိုနေမိသည်။အရီကတော့ကြိမ်ဒဏ်ကြောင့်မေ့မျောနေလေပြီး

မြနှင်း - ''အင့်ဟင့်....ဟင့်..ဟင့်အရီမြနှင်းကြောင့်ပါမြနှင်းသာသခင်လေးအခန်းထဲကိုအရီကိုမသွားခိုင်းရင်အရီအခုလိုဖြစ်မှာမဟုတ်ဘူး..တောင်းပန်ပါတယ်သူငယ်ချင်းရယ်..ငါမကောင်းတာပါ..''

သခင်လေး🚨🚨🚨 (or) တွယ်တာရစ်ဖွဲ့တတ်သောချစ်နှောင်ကြိုး🚨🚨🚨Where stories live. Discover now