သခင်လေး(part25)

503 18 0
                                    

ဦးထင် - ''ဘယ်လိုလဲအခြေအနေမြတ်မောင်''

မြတ်မောင်ဆိုသောသူ့တပည့်ကိုဦးထင်လင်းမေးငေါ့ပြကာမေးလိုက်လေသည်။

မြတ်မောင် - ''မမလေးဒဏ္ဍာရီရှိတဲ့နေရာကိုတော့သိရပါပြီးသူဌေး....ဒါ..ဒါေပမယ့်..''

ဦးထင် - ''ဒါပေမယ့်ဆိုတာမင်းအပေါက်ကနေထွက်ရဲသေးတယ်မြတ်မောင်...''

ဦးထင်လင်းသေနတ်နဲ့မြတ်မောင်နဖူးတည့်တည့်ကိုချိန်ကာပြောလိုက်သည်။

မြတ်မောင်မှာကြောက်''လန့်''နဲ့ပင်''မမလေးရှိနေတဲ့နေရာကထေ၀ါယာစံအိမ်မှာပါသူဌေး...''

ဦးထင် - ''ဘာ!!!!!ထေ၀ါယာစံအိမ်ဟုတ်လားမြတ်မောင်...ငါ့သမီးငယ်ကဘယ်လိုဖြစ်ပြီးအဲကိုရောက်နေရတာလဲစုံစမ်းကြစမ်း...တောက်!!!''

မြတ်မောင် - ''ဟုတ်..ဟုတ်ကဲ့သူဌေး.''မြတ်မောင်တို့လူမိုက်တွေထွက်သွားတော့ဦးထင်လင်းအောင်ဟာစာပွဲပေါ်ကစားစရာများကိုကြမ်းပြင်ပေါ်သို့တွန်းချကာဒေါသစိတ်ကိုဖွင့်ချလိုက်လေသည်။

ဦးထင် - ''တောက်!!!ထေ၀ါယာ..မင်းတို့ငါ့ကိုထောင်ချဖို့ငါ့သမီးကိုဓားစာခံလုပ်ရဲတယ်မင်းတို့တစ်မိသားစုလုံးပျော်ပျော်ကြီးအဆံုးသတ်ရမယ်မထင်လိုက်နဲ့...''

..........

မြနှင်း၀င်လာတော့သခင်မလေးကကုတင်ပေါ်ကဆင်းမလို့လုပ်နေတော့လူလန့်သွားရသည်။

မြနှင်း - ''သခင်မလေး..ဘာလိုလို့လဲနှင်းကိုပြောလေ..သခင်မလေးဒဏ်ရာအရှင်းမပျောက်သေးတော့ကုတင်ပေါ်မှာဘဲနေပါနော်..''

တိမ်လွှာ - ''တို့ဘာမှမလိုအပ်ဘူးမင်းလေးပျောက်သွားလို့ကိုစိတ်ပူနေတာဒိမှာကိုမနေတတ်တော့အောင်ဘဲဘယ်တွေသွားနေတာလဲ..''

မြနှင်း - ''မင်းညကိုစံအိမ်ရဲ့အခြေအနေသွားမေးတာပါ..''

တိမ်လွှာ - ''ထေ၀ါယာဘာဖြစ်လို့လဲကလေး..သူတို့တစ်ခုခုဖြစ်လို့လားဟင်...''

မြနှင်း -''မဟုတ်ပါဘူးသခင်မလေး..အရီ့ကိုလုပ်ကြံတဲ့မြလေးကိုသခင်လေးဇမ္ဗူစစ်မေးပြီးတရားခံကိုဖမ်းမိပြီးလားလို့သွားမေးတာပါ...''

သခင်လေး🚨🚨🚨 (or) တွယ်တာရစ်ဖွဲ့တတ်သောချစ်နှောင်ကြိုး🚨🚨🚨Where stories live. Discover now