သခင်လေး(part4)

527 21 0
                                    

လွင်ပြင် - ''အရီခြေထောက်မှာသွေးတွေထွကိနေတယ်ဦးဆေးထည့်ပေးမယ်..''

လွင်ပြင်သူမကိုဆက်ခနဲပွေ့ချီလိုက်တာကြောင့်မြလေးခဗျာရင်ထဲမှာမနာလိုစိတ်များတဖွားဖွားဖြစ်လာခဲ့သည်။

မြလေး -''တောက်!!ဒဏ္ဍာရီဒီလောက်ထိထားတာတောင်ကိုလွင့်ပြင်အနားကပ်ရဲသေးတယ်...နင့်ကိုငါဒီကနေထွက်သွားအောင်လုပ်မှဖြစ်တော့မယ်နဲ့တူတယ်..''

အရီ - ''အို!!ဦးအရီလမ်းလျှောက်နိုင်ပါတယ်အရီ့ကိုအောက်ပြန်ချပေးပါနော်...''

လွင်ပြင်ကရယ်ရင်းခေါင်းခါပြသည်။ဆေးထည့်ပေးရန်အရီကိုဦးကသူ့အခန်းထဲသို့ခေါ်ဆောင်သွားလေသည်။

အိမ်တော်ထိန်းဦးသူရ - ''သခင်လေးလွင်ပြင်ဒီမှာဆေးသေတ္တာပါ...''

လွင်ပြင် - '' အင်းသူရထားခဲ့လိုက်..''

အိမ်တော်ထိန်းဦးသူရ - ''သခင်လေးလိုအပ်ရင်ကျနော်မျိုးကိုအချိန်မရွေးခေါ်လိုက်ပါ....''

လွင်ပြင် - ''အင်း..''

အိမ်တော်ထိန်းဦးသူရ - ''ကျနော်မျိုးကိုခွင့်ပြုပါအုန်းသခင်လေး...''

ဒဏ္ဍာရီအကြောင်းကိုလွင်ပြင်တိတ်တဆိတ်သိနေခဲ့တာဟာဦးသူရကြောင့်ပင်..ဦးသူရဟာလွင်ပြင်ရဲ့လူယုံတစ်ယောက်ဖြစ်နေခဲ့တာကြောင့်ဒီစံအိမ်ရဲ့အဖြစ်ပျက်အလုံးစုံကိုသိနေခဲ့သည်။ဒေါ်နန်းကလျာအရီ့ကိုမကျေနပ်နေတာသူ့ကြောင့်ပင်သူခေါ်လာတဲ့သူဖြစ်နေလို့ဒီစံအိမ်မှာပေးမနေချင်ပေ။သူမကိုအခုလိုလုပ်နေတာတော့လွင်ပြင်ခွင့်မလွှတ်ပေ။လွင်ပြင်တနည်းနည်းနဲ့နန်းကလျာကိုပညာပေးမည်ဟုဆုံးဖြတ်ထားလေသည်။

ခြေထောက်ကဒဏ်ကိုဆေးထည့်ပတ်တီးစည်းပေးပြီးတော့အရီလက်လေးကိုကိုင်ကာ''အရီဒီနေ့ဒီချိန်ကစပြီအရီ့ကိုဘယိသူ့မှအခုလိုနာကျင်အောင်လုပ်လို့မရနိုင်တော့ဘူးဦးဒိနေ့ကစပြီးအရီဘေးနားမှာဘဲနေမှာမို့လို့...''

အရီ - ''ဦးရယ်အရီကြောင့်နဲ့အလုပ်များနေပါပြီးအရီနေသားကျနေပါပြီးသူတို့နှိပ်စက်လည်းအရီခံနိုင်ရည်ရှိပါတယ်..ဦးစိတ်မပူပါနဲ့နော်...''

သခင်လေး🚨🚨🚨 (or) တွယ်တာရစ်ဖွဲ့တတ်သောချစ်နှောင်ကြိုး🚨🚨🚨Where stories live. Discover now