သခင်လေး(part11)

501 23 0
                                    

လွင်ပြင် - ''အကြီးအကဲတွေကျနော့်အဖေသေဆုံးရတာဒေါ်နန်းကလျာကြောင့်ဆိုတာခဗျားတို့လည်းသိနေတာကိုဘာလို့ဖုံးကွယ်ချင်နေရတာလဲ...''

အကြီးအကဲ၁ -''ငါတို့ဖုံးကွယ်ချင်နေလို့မဟုတ်ဘူးအချိန်မကျသေးဘူးနေလွင်ပြင်..မင်းလည်းထေ၀ါယာစံအိမ်စည်းမျဥ်းတွေကိူသိနေတာဘဲ..ငါတို့မှာသက်သေလိုအပ်နေတယ်သက်သေမရှိဘဲထေ၀ါယာစံအိမ်ရဲ့သခင်မကြီးစွပ်စွဲရင်သေဒဏ်ပေးခံရတဲ့အထိအပြစ်ကြီးလွန်းတယ်ဆိုတာမင်းလည်းသိနေတာဘဲ...''

အကြီးအကဲ၂ - ''ငါတို့ဇမ္ဗူဒီပါကိုသခင်ကြီးနေရာခန့်အပ်မယ်လို့အသိပေးထားတာကနန်းကလျာသိအောင်ဟန်ပြလုပ်ထားရုံဘဲ..ထေ၀ါယာစံအိမ်ရဲ့သခင်ကြီးနေရာဟာမင်းအတွက်ဘဲနေလွင်ပြင်..အချိန်တန်ရင်သခင်ကြီးနေရာကိုမင်းဆက်ခံရမှာပါ..အခုတော့သည်ခံထား..''

လွင်ပြင် -''ဖြစ်နိုင်ရင်နန်းကလျာမိသားစုတစ်ခုလုံးကိုသတ်ပစ်ချင်နေတာအကြီးအကဲ...''

အကြီးအကဲ၃ - ''စိတ်လိုက်မာန်လုပ်ရင်မင်းဘဲအထိနာမှာ..ဒါကြောင့်သည်းခံထား..မင်းနဲ့မင်းအဖေအတွက်ထေ၀ါယာစံအိမ်ကတရားမျှတမှုကိုယူဆောင်လာမှာပါ...''

ထိုအချိန်အိမ်တော်ထိန်ဦးသူရရောက်လာပြီး''သခင်လေးလွင်ပြင်အခြေအနေမကောင်းတော့သခင်မကြီးသူ..သူဒဏ္ဍာရီအပြစ်ပေးဖို့နေပူထဲမှာဒူးထောက်းခိုင်းပြီးအစေခံတွေကိုကြာပွတ်နဲ့ရိုက်ခိုင်းနေတယ်...''

လွင်ပြင် - ''ဘာ!!!တောက်!ဒီမိန်းမတော့...''

အိမ်တော်ထိန်းမှာအကြီးအကဲ၃ယောက်အားဦးညွတ်ပြီးသခင်လေးအနောက်သို့လိုက်ပါသွားလေသည်။

အကြီးအကဲ၁ -''နန်းကလျာ..နန်းကလျာ.ကျွန်တွေကိုတိရိစ္ဆာန်တစ်ကောင်လိုရိုက်နှက်နေတာ၀ဋ်ကြွေးသံသရာလည်မှာသိပ်စိုးမိတယ်...''

အကြီးအကဲတွေလည်းထေ၀ါယာစံအိမ်ရဲဲ့ပြသာနာတွေကိုဖြေရှင်းနေရတာနဲ့တင်အလွန်ကိုပင်ပန်းလှပြီး..

ရွတ်!!ရွတ်!!ရွတ်!!!

လွင်ပြင် - ''ရပ်လိုက်စမ်!!!မင်းတို့ကိုယ့်အသားကျနာမှာကြောက်တယ်သူများအသာကိုကျတိရိစ္ဆာန်တစ်ကောင်လိုရိုက်နှက်တယ်..ငါ့ကိုကြိမ်တံပေးစမ်း!!''

သခင်လေး🚨🚨🚨 (or) တွယ်တာရစ်ဖွဲ့တတ်သောချစ်နှောင်ကြိုး🚨🚨🚨Where stories live. Discover now