သခင်လေး(part3)

542 26 0
                                    

''အရီ!!!!''

လွင်ပြင်သူမကိုမယုံကြည်နိုင်စွာကြည့်နေမိသည်။သူမဒီစံအိမ်ရောက်လာကတည်းကဒေါ်နန်းကလျာရဲ့နှိပ်စက်မှုအောက်မှာလှောင်အိမ်ထဲကငှက်တစ်ကောင်လိုဖြစ်နေခဲ့တာ...လွင်ပြင်သူမကိုဒီကိုခေါ်လာခဲ့တာသူမကောင်းစားဖို့ပင်သို့သော်မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပါ...သူမဒီစံအိမ်ကိုသူ့ကြောင့်ရောက်လာခဲ့ပြီးအဒေါ်ဖြစ်သူရဲ့နှိပ်စက်မှုကိုအကြိမ်ကြိမ်ခံနေရတာကိုသူ့လူယုံကပြောပြလို့သိထားရသည်။ဒါကြောင်သူဒီခရီးကပြန်လာရင်အရီးကိုပါနိုင်ငံခြားသို့အပြီးခေါ်သွားတော့မည်ဟုဆုံးဖြတ်ထားလေသည်။

အရီ - ''အရီဒီမှာဘဲနေပါရစေဦး..''

လွင်ပြင် - ''အရီဒီမှာဆက်နေရင်မကောင်းတဲ့လူတွေကအရီအပေါ်မှာယုတ်မာနေအုန်းမှာဦးဒီတိုင်းရပ်ကြည့်နေရမှာလား..ဦးနဲ့သြဇီကိုလိုက်ခဲ့ပါအရီဖြစ်ချင်တဲ့ဒီဇိုင်းနာတစ်ယောက်ဖြစ်အောင်ဦးပံ့ပိုးပေးမယ်...''

အရီလက်ကိုကိုင်ထားသောဦးလက်တွေမှနွေးထွေးကြင်နာတဲ့ခအထိတွေ့ကိုခံစားနေရသည်။အရီသိတယ်ဦးအရီ့ကိုစိုးရိမ်နေတာဒါပေမယ့်အရီဒီမှာဆက်နေချင်သေးတယ်..သခင်မကြီးဘာလို့အရီကိုမုန်းနေလဲဆိုတာအရီသိချင်သေးတယ်ဒါမှအရီအပေါ်ထားတဲ့သခင်မကြီးရဲ့အငြိုးတွေပျက်ပြယ်ပြီးသူမလည်းကျန်နေတဲ့ဘ၀ကိုအေးချမ်းစွာဖြတ်သန်းနိုင်မှာ..ဒါတွေဟာအရီ့ရဲ့စိတ်ရင်းစေတနာပါသခင်မကြီး...

အရီ - ''အရီမဖြစ်ချင်တော့ပါဘူးဦးအရီလိုမိဘမရှိတကောင်ကြွက်တစ်ယောက်ကိုဒီကိုခေါ်လာတာနဲ့တင်ဦးအတွက်ဒုက္ခများစေပြီးအရီဒီမှာဘဲပျော်တယ်ဦး...''

လွင်ပြင်သူမကိုပြောမရတာကြောင့်လက်လျော့လိုက်လေသည်။

လွင်ပြင် - ''ကောင်းပြီးလေးဦးအရီဆန္ဒကိုတန်ဖိုးထားပါ့မယ်အရီဒီမှာနေမယ်ဆိုဦးလည်းအရီကိုစောင့်ရှောက်ဖို့ဒီစံအိမ်မှာဘဲနေမယ်...''

ဒေါ်နန်း - ''မင်းပြောတော့ဒီစံအိမ်ကလူစိတ်မရှိတဲ့သူတွေများတယ်ဆိုဘာလို့နေနေသေးတာလဲ...''

လွင်ပြင် - ''ဟက်!!ကျနော်ပြောတာဒီစံအိမ်ကိုလူစိတ်မရှိတဲ့လူကအုပ်ချုပ်နေမှတော့ကျွန်တွေလည်းဒုက္ခရောက်ကုန်တာလို့ပြောတာပါ''

ဒေါ်နန်းသူ့ကိုညွန်းပြီးပြောမှန်းသိတာကြောင့်အနာပေါ်ဒုတ်ကျသလိုအသားတွေတဆတ်ဆတ်တုန်ကာဒေါသထွက်လာလေသည်။

ဒေါ်နန်းကလျာ - ''မင်း!!!နေလွင်ပြင်''

ဖြန်း!!!

ဒေါ်နန်းစိတ်မထိန်းနိုင်ဘဲပါးရိုက်လိုက်လေသည်။လွင်ပြင်နီရဲနေသောပါးကိုလက်ဖ၀ါးနဲ့ပွတ်သပ်ကာ

လွင်ပြင် - ''ဒေါ်နန်းကလျာခဗျားကကိုယ့်အသားထိတော့နာတတ်သားသူများကိုကျတော့ကျွဲနွားတကောင်လိုနှိပ်စက်တာကျတော့အမြဲတမ်းပြုံးပျော်နေတာဘဲ...သိပ်ကိုတရားကျတဲ့ထေ၀ါယာစံအိမ်သခင်မကြီးဘဲ..''

ဒေါ်နန်း - ''မင်းငါ့ရှေ့ကအခုထွက်သွားစမ်း!!!နေလွင်ပြင်''

လွင်ပြင် - ''ခဗျားသိလားကျုပ်အဖေစံအိမ်မှာအရေးပေးခံရချိန်းတုန်းကခဗျာကယောကျာ်းနောက်လိုက်သွားခဲ့တာလေတားနေရက်နဲ့လုပ်ခဲ့တဲ့ခဗျားကိုအဘိူးကအမွေပြတ်စွန့်လွှတ်ခဲ့တာတောင်စံအိမ်ကိုလာရဲတယ်.ကျနော့်အဖေဒီစံအိမ်ကနေနှင်ထုတ်ခံရမှဘဲပေါ်လာပြီးဒီစံအိမ်ကိုခဗျားနဲ့ဦးမိုးမြတ်မင်းဆိုတဲ့လူကမတော်တရားချုပ်ကိုင်ခဲ့တယ်လေ...ပွဲလန့်တုန်းဖျာ၀င်ခင်းတာလေဟက်!!!ဒါပေမယ့်ခဗျားယောကျာ်းကအလောင်းစား၀ါသနာကြီးတော့စံအိမ်ရဲ့စည်းစိမ်တွေကကြာကြာမခံဘူးဒီစံအိမ်ရောင်းရတဲ့အထိတောင်ဖြစ်သွားခဲ့တယ်လေ..အဲဒီအချိန်မှာသာကျနော့်အဖေထေ၀ါယာစံအိမ်ကိုပြန်မရောက်လာခဲ့ရင်ခဗျားတို့လည်းခွက်ဆွဲပြီးတောင်းစားရမယ့်ဘ၀ကိုရောက်ကျမှာ...ခဗျားပါးစပ်ကကျုပ်ကိုဒီစံအိမ်ကထွက်သွားစမ်းဆိုတဲ့စကားထပ်ပြောရဲသေးရင်စံအိမ်အကြီးအကဲတွေနဲ့တိုင်ပင်ကြတာပေါ့..ခဗျားရဲ့ပြစ်ချက်တွေကမနည်းဘူးနော်ဒေါ်နန်းကလျာသက်ထား...ဟက်...ဒီထေ၀ါယာစံအိမ်ကိုကျနော့်အဖေလည်းတ၀က်ပိုင်တာဆိုတော့ကျနော့်လည်းနေသင့်တာပေါ့နော်...''

ဒေါ်နန်းကလျာသူမရဲ့ရာထူးကိုဆုံးရှုံးမှာစိုးတာကြောင့်နေလွင်ပြင်အားဘာမှအထွန့်မတက်ရဲတော့ဘဲနားနေဆောင်သို့ပြန်လာခဲ့လေသည်။ထွက်သွားသောကျောပြင်ကိုကြည့်ကာနေလွင်ပြင်မဲ့ပြုံးတစ်ချက်ပြုံးကာ

''ဒေါ်နန်းကလျာခဗျားကျနော့်အဖေပေါ်မှာလုပ်ခဲ့တဲ့ပြစ်မှုတွေကိုရအောင်ဖော်ထုတ်ပြမယ်ခဗျားစောင့်ကြည့်နေလိုက်...''

################################

သခင်လေး🚨🚨🚨 (or) တွယ်တာရစ်ဖွဲ့တတ်သောချစ်နှောင်ကြိုး🚨🚨🚨Where stories live. Discover now