140.1.ကောင်းကင်နဲ့​မြေကြီး အစိတ်စိတ်ကွဲအက်ရ

372 17 0
                                    

လီ​ဝေ့ရန်သည် သူမ၏အရှေ့ရှိယောက်ျားသည် အ​လေးနက်ဖြစ်​နေပြီး သစ္စာမဲ့သော စိတ်ရှိသော်လည်း၊ သူသည် မိန်းမတစ်ယောက်၏နှလုံးသားကို သိမ်းပိုက်လိုသောအခါတွင် ငြင်းဆန်ဖို့ရန် အလွန်ခက်ခဲကြောင်း လီ​ဝေ့ရန်က တွေ့ရှိမိသည်။ အဲဒါကို တွေးကြည့်ရင် အဓိပ္ပါယ်​တော့ရှိတယ်။  သူမ၏ယခင်ဘဝနှင့် အတွေ့အကြုံများသာ မရှိပါက၊ သူမသည် အဆင်သင့်သ​ဘောတူမိသွားနိုင်သည်။ သူမသည် ဤအချက်ကို စဉ်းစားပြီးနောက် မြင်းကို စပ်စပ်စုစုစိုက်ကြည့်ကာ

“တကယ်ပဲ တို့အတွက်လား” ဟုဆိုလိုက်သည်။

လီယွမ်ဟန့်က အားတက်သရော ခေါင်းညိတ်ပြပြီး

“မင်း သူ့ကို နာမည်ပေးလို့ရသားပဲ”

ဟေ့ချန်က အရင်ထခုန်လိုက်ပြီး “ချူယွမ်ဆိုရင်ဘယ်လိုလဲ။ ကြားရမှာ သိပ်ခမ်းနား​နေမှာ”

(ချူယွမ်=တိမ်လွှာထက်သာလွန်၍)

ချူယွမ်!၊ ချူယွမ်! လီ​ဝေ့ရန်က တစ်ခုခုကို တွေးမိပြီး​နောက် ​ဟေ့ချန်အား ပြုံးပြပြီး

"နာမည်​လေးက ကောင်းသားပဲ”

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ​ဟေ့ချန်သည် သူမ၏အကြံအစည်အားလုံးက ပြိုင်ဘက်၏ချုပ်ကိုင်မှုအတွင်းမှာ ရှိနေတယ်ဟု ခံစားလိုက်ရသည်။ သူမက ပြုံးနေပေမယ့် ဒီအပြုံးက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေရပြီ။

ပထမဆုံးအကြိမ်အဖြစ် သူမကိုထိုးထွင်းမြင်ခံလိုက်ရတဲ့ ခံစားချက်ကို ခံစားမိတယ်။ ဒါပေမယ့် ဒီလိုခံစားချက်မျိုးက မဆိုးပါဘူးလို့ ​ဟေ့ချန်က တွေးလိုက်သည်။ သူမ လီဝေ့ရန်ကို သဘောကျတယ်။ သူမကဲ့သို့ မရေမတွက်နိုင်သော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသည့် ဤမိန်းကလေးကို သူမ သဘောကျတယ်။ ​ဝေ့ရန်သာ သူမ၏ဆန့်ကျင်ဘက်ဘက်တွင် မရပ်တည်ပါက ဘယ်လိုနည်းနဲ့မဆို မိတ်ဖွဲ့ချင်မိတယ်။ သူတို့ဘက်က ရပ်တည်လိုစိတ်ရှိရင် ပိုတောင်ကောင်းသေးတယ်။ ဟိုယောက်ျား​တွေကို မေ့လိုက်စမ်းပါ! သူမသည် သူတို့အားလုံးကို သူမ၏ခြေ​ထောက်အောက်တွင် နင်း​ခြေပစ်နိုင်သည်။ လီဝေ့ရန်မှာလည်း တူညီသော အကြံအစည်ရှိနေတယ်ဟု သူမယုံကြည်မိသည်။

လီ​ဝေ့ရန် (ဒုတိယတွဲ) ZawgyiWhere stories live. Discover now