143.2.ကျောင်းမိသားစု ပျက်သုဉ်းရ

27 7 0
                                    

ကျောက်ယွဲ့သည် အသံမထွက်ဘဲ သူမတို့အနောက်သို့ လိုက်​နေရာက ဤအခိုက်အတန့်တွင်တော့ သူမသည် နောက်ဆုံးတွင် မ​ပြောသာဘဲမ​နေနိုင်​တော့ဘဲ

“ဒါပေမယ့် သူသာ လက်စား​ချေမယ်ဆိုရင် မမ​လေးကို အရင်လက်စားချေ​လောက်မယ်မဟုတ်ဘူးလား”

လီ​ဝေ့ရန် လှည့်ကြည့်လိုက်​တော့ ​ကျောက်ယွဲ့၏စိတ်ရှုပ်ထွေးသောအမူအရာကိုမြင်​သဖြင့်သူမက တိုးတိတ်စွာဖြင့်

“မဟုတ်ဘူး။ သူက ​တော်​တော်​လေးဂုဏ်​မောက်တဲ့သူဆို​တော့ သူသည်းမခံနိုင်တာက သစ္စာဖောက်ခြင်းပဲ။ ဤလောကကြီးမှာ သူသာလျှင် သူတပါးကို သစ္စာဖောက်သောသူဖြစ်ချင်တာ။ သူ့ကို သစ္စာဖောက်ဖို့ တခြားသူတွေကို သူခွင့်မပြုဘူး။ သူနဲ့ငါ့အကြားမှာ​တော့ မိတ်​ဆွေဖြစ်ခဲ့တယ်ဆိုတာ လုံးဝမရှိခဲ့ဘူးဆို​တော့  သူ့ကိုငါ ကျီစားတာမထူးဆန်းဘူး။ ဒါပေမယ့် ​ကျောင်းဟွာက သူ့ရဲ့စစ်တပ်၅​သောင်းကို ​သေ​စေခဲ့ရတယ်။ အခုဆို ​ကျောင်းဟွာက သူ့ကို အန္တရာယ်ဖြစ်စေဖို့ ကစားပွဲတစ်ခုကို ဖန်တီးခဲ့တယ်လို့​တောင် ခံစား​နေရမှာ။ မင်း​ပြောကြည့် သူ​ကျောင်းမိသားစုကို ဘယ်လို ဆက်ဆံမယ်ထင်လဲ? ငါဆိုရင်​တော့ သူတို့ကို ဖြိုခွဲပျက်သုဉ်း​စေမှာ"

လီ​ဝေ့ရန်နှင့် လီယွမ်ဟန့်တို့သည် ခဏတာသာ အတူရှိကြသော်လည်း တစ်ဖက်သူ၏စရိုက်ကို သိရှိ​ဖော်ထုတ်မိကြ၏။ သူသည် ​ထော့ပါကျန်းနှင့်အတူတူပင်။ အရေးကြီးဆုံးအချက်ကတော့ ကြီးကျယ်တဲ့ရည်မှန်းချက်များပင်။ ​ကျောင်းဟွာသည် တစ်ဖက်သား၏ကြီးမားသောရည်မှန်းချက်ကို ဖျက်ဆီးလိုက်သလိုဖြစ်ကာ တပ်သား၅​သောင်းသည် ပြန်မလာနိုင်တော့သဖြင့် မို​ဖေ့ပြည်၏ထီးနန်းကို လုံးဝဆုံးရှုံးခဲ့ရပေလိမ့်မည်။ သူသာ နန်းတွင်းကိုပြန်သွားရင် အပြစ်ပေးခံရလိမ့်မယ်။ ​ကျောင်းဟွာကို သူဘယ်လောက်မုန်းတီးနေတယ်ဆိုတာက လက်သင့်ခံနိုင်​လောက်စရာဖြစ်ပြီး ဒီလက်စားချေမှုကို သူက အရင်ဦးဆုံးလက်ဦးမှုရယူသွားလိမ့်မယ်။

ကျောင်းဟွာ! ရှင်က တို့ကို ကြိုးဆွဲချင်နေတာပဲ။ ဒီ့အတွက်​တော့ ရှင်က တို့ကို ရက်စက်တဲ့အတွက် အပြစ်မတင်သင့်ဘူး။ ဒီ့အပြင်၊ ရှင်အမြဲတမ်းလိုချင်ခဲ့တဲ့အရာက တို့အသက်ဆိုမှ​တော့ ဒီနည်းလမ်းနဲ့ပဲ တို့ကရှင့်ကိုသဘာဝကျကျပြန်တုံ့ပြန်တာပဲ! လီ​ဝေ့ရန်သည် ညလေညှင်းတိုးသံကို ကြားလိုက်ရပြီး သူမ၏အသံသည် ပိုမိုပျော့ပျောင်းလာကာ

You've reached the end of published parts.

⏰ Last updated: Mar 02 ⏰

Add this story to your Library to get notified about new parts!

လီ​ဝေ့ရန် (ဒုတိယတွဲ) ZawgyiWhere stories live. Discover now