141.2.အ​ယောင်​ဆောင်တိုက်ခိုက်မှုကိုပြင်ဆင်

58 6 0
                                    

သို့သော် ယခုအချိန်တွင် ငလျင်လှုပ်သောကိစ္စရပ်များအ​ပေါ် မျက်လုံးအကြည့်များကရှိ​နေ​သော​ကြောင့် အခြားအစီအစဉ်များကို ချမှတ်ရန် မသင့်လျော်လှဟု ရှင်ဘုရင်က ခံစားရပေလိမ့်မည်။ ထို့အပြင်၊ မိုဖေ့ပြည်၏စတုတ္ထမင်းသားသည် နန်အန်းနယ်စားအိမ်​တော်၏ သခင်မ​လေးကိုသိပ်ထည့်မတွက်ဘဲ အမတ်ချုပ်ကြီးလီ၏နေအိမ်တော်သို့ အတော်လေး လုံ့လစိုက်ထုတ်ပြေးသွားနေသည်။ လက်ဆောင်များသည် ရေစီး​ကြောင်းများကဲ့သို့တဖွဲဖွဲရောက်ရှိလာပြီး မိုဖေ့ပြည်၏တော်ဝင်မိသားစုစည်းစိမ်ဥစ္စာများကို ကြီးမားစွာပြသလျက်ရှိရာ သူက ဒီကိစ္စကို စွန့်လွှတ်လိုစိတ်မရှိသည်ကို ထင်ရှားစွာ မြင်တွေ့ရသည်။ သို့သော်သူသည် လီဝေ့ရန်ကို စိတ်လှုပ်ရှား​စေရန် ရှုံးနိမ့်ခဲ့သော်ငြားလည်း မြို့တော်ရှိမရေမတွက်နိုင်သော ဂုဏ်သ​ရေမြင့်အမျိုးသမီးပျိုများကို မနာလိုဖြစ်စေရသည်။ သူမတို့သည် မိုဖေ့ပြည်အား လူဆိတ်ညံရာအရပ်ဟု အစကတွေးတောခဲ့ကြသည်။ မြို့တော်ရဲ့ ချမ်းသာမှုနဲ့ ဘယ်လိုယှဉ်နိုင်မလဲပေါ့? ဒီအတွက်ကြောင့် ယခင်တုန်းက ဘယ်သူမှမို​ဖေ့ပြည်သို့သွား​ရောက် အိမ်ထောင်မပြုချင်ကြဘူး။ ယခုမူ အမတ်ချုပ်ကြီးလီ၏နေအိမ်တော်သို့ လက်ဆောင်ပစ္စည်းများပါဝင်သည့် သေတ္တာများကိုတွေ့မြင်ရသဖြင့် သူမတို့၏မျက်လုံးများက ဒီဘက်ကိုအာရုံ စူးစိုက်ကြည့်လာကြသည်။ မိသားစုကြီးများက သူတို့သည် စံပြသားမက်တစ်​ယောက်ကို လုံးလုံးလျားလျား လွဲ​ချော်သွားပြီဖြစ်ကြောင်း တွေး​​တောလာကြတယ်။

လွန်ခဲ့သည့်၅ရက်ခန့်က လီအိမ်တော်ရှေ့တံခါးဝများတွင် နွမ်းပါးသူများကိုစွန့်ကြဲသည့် နိဗာန်​ပွဲကိုဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် တမင်ဒုက္ခပေးသဖြင့် အန်းဖိန်မင်းသမီးက ဒဏ်ရာရလုနီးပါးဖြစ်ခဲ့ရသည်။ မို​ဖေ့ပြည်၏စတုတ္ထမင်းသားသည် ထိုနေရာတွင်ပင် ရှိ​နေခဲ့ပြီး သူရဲကောင်းသည် အလှ​လေးကိုကယ်တင်ခဲ့သည့်ဇာတ်လမ်းဖြစ်​ပေါ်လာတယ်။ ထို့ကြောင့် မတုန်မလှုပ်သောမျက်နှာ​ဘေးဖြင့် လီဝေ့ရန်သည် မိုင်ထောင်ချီ၍လူများစွာကိုဆန့်ကျင့်​သော တည်ကြည်သည့် မျက်နှာထားကို မပြနိုင်သလိုဖြစ်နေပုံရသည်။ ထို့ကြောင့် စတုတ္ထမင်းသားသည် အခြားလျှောက်လွှာကိုတင်ကာ ဧကရာဇ်မင်းမြတ်အား သူ၏အိမ်ထောင်ဖက်ကို လဲလှယ်ပေးရန် တောင်းဆိုလာသည်။ သို့သော် ထိုအချိန်တွင် ဧကရာဇ်မင်းသည် ငလျင်အခြေအနေကြောင့် အပြင်းအထန်ဖိအားပေးခံနေရသဖြင့် ပေါ့ပေါ့တန်တန် စိတ်ကူးပြောင်းပေးရန် ဆန္ဒမရှိပေ။ မိုဖေ့ပြည်၏စတုတ္ထမင်းသားသည် တစ်နေ့လျှင် ၃ ကြိမ် နန်းတော်သို့ သွားရောက်တောင်းဆို​နေသဖြင့် ဧကရာဇ်သည် အလွန်အမျက်ထွက်သောကြောင့် တတိယမင်းသားဖြစ်သူထော့ပါကျန်းကို ဒီကိစ္စအားကိုင်တွယ်ရန် အခွင့်အာဏာအပြည့်အဝပေးလိုက်သည်။

လီ​ဝေ့ရန် (ဒုတိယတွဲ) ZawgyiWhere stories live. Discover now