Love you till the sunset Part -1

576 34 1
                                    

Uniစဖွင့်သည့်အချိန်မို့ ဟန်ယူဂျင်းတစ်ယောက် ကျောင်းတက်ရတော့ဖို့ကိုစိတ်လှုပ်ရှားနေမိသည်။ကျောင်းတက်ရတာပျော်တာကလည်းတခြားကြောင့်မဟုတ်။အချိန်အကြာကြီးဝေးကွာခဲ့ရသည့် သူငယ်ချင်းနဲ့ပြန်တွေ့ရတော့မည် မဟုတ်လား။

###########
တက္ကသိုလ် ကျောင်းသားဘဝကို ပထမဆုံးခံစားရသည့်နေ့

"ဟေ့ အိုလီ"

"ဟန်ယူဂျင်း မင်းတောင်မှပိုချစ်ဖို့ကောင်းလာပါလား"ဟု ဆိုကာ ယူဂျင်းရဲ့ပါးလေးကိုလက်နှစ်ဖက်နဲ့ညှစ်လိုက်သည်။

"ရား ငါskinshipမကြိုက်ဘူးလို့"

"ဟုတ်ပါပြီ မောင်မင်းကြီးသားရဲ့။မင်းရည်းစားရသွားရင်စောင့်ကြည့်အုန်းမယ်။"

"မင်းနဲ့သူက တူမှာမှမဟုတ်တာ"

"မင်းနဲ့ငါကသူငယ်ချင်းအရင်းကြီးနော် ဟေ့ရောင်"

"ဟုတ်ပါပြီ ခင်ဗျ။"

"ရွဲ့မပြောနဲ့ ဒါနဲ့ ငါ့တို့ကျောင်းကိုပြောင်းလာတဲ့ စီနီယာအသစ်တွေရှိတယ်တဲ့ကွ"

"ဟမ် ဘယ်သူလဲ"

"ကင်ဂျီအွန်း ကင်ကယူဘင်းရယ် ရစ်ခီရယ်တဲ့။Kim Groupကသားတွေနဲ့ Role model brandပိုင်ရှင်ရဲ့သား"

"အကို ဂျီအွန်းနဲ့အစ်ကို ကယူဘင်းနဲ့က ငါနဲ့သိသားပဲ"

"ဒီလိုနာမည်ကြီးအကိုတွေရှိတာ ငါ့ကိုလျှိုထားတယ်ပေါ့ တော်ပီ မင်းနဲ့ သူငယ်ချင်းမလုပ်တော့ဘူး"

"မဟုတ်ပါဘူးကွာ ငါတို့က အိမ်နီးချင်းမလို့ပါ။"

"ငါကတော့ တည်ကြည်တဲ့ဟျောင်း ရစ်ခီမှရစ်ခီပဲ။ငါ့အပိုင်နော် ဟျောင်းက"

"အမလေး လျှိုထန်းယွဲ့ ကျောင်းကဒီနေ့မှစဖွင့်တာနော်"

"အတန်းသစ် အချစ်သစ်ပေါ့။ဒါနဲ့ မင်းညနေကျ ငါနဲ့တူတူပြန်မာမလား"

"ဒီရက်ပိုင်းတော့မပြန်သေးဘူးကွ။အကိုဂျီအွန်းတို့နဲ့တူတူပြန်ရမယ်ထင်တယ်"

"ငါမြင်ယောင်နေပါတယ် တစ်ယောက်ယောက်နဲ့နောက်ဆုံးကျရင်ညားသွားမှာ"

"ဟေ့ရောင် အဲ့လိုမစနဲ့ကွ အကိုဂယူကြားရင်တမျိုးထင်လိမ့်မယ်။"

Love you till the sunsetWhere stories live. Discover now