Love you till the sunset Part-6

236 18 0
                                    

ယူဂျင်းတစ်ယောက် အမေဖြစ်သူနှင့်ဖုန်းပြောပြီးပျော်နေတာကြောင့် သီချင်းလေးတညီးညီးဖြင့် ဧည့်ခန်းကိုရှင်းနေမိသည်။
အိမ်ရှေ့က လူခေါ်ဘဲလ်အသံမြည်လာတာကြောင့် တံခါးသွားဖွင့်ပေးရပြန်သည်။

တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့သူကြောင့် ယူဂျင်းမျက်မှောင်ကြုံ့သွားသည်။

"ဘာက်ိစ္စလဲ လူကြီးတွေမရှိဘူး"

"ကိုယ့်ကလေးလေးက ကိုယ့်ကိုမျက်မှောင်ကြုံ့ပြီးကြည့်လိုက်တာလား"

"ကိုယ့်ဘာသာကြည့်တာကြည့်လို့မရဘူးလား"

"မဟုတ်ပါဘူး  ကိုယ်ပြောချင်တာက အဲ့လိုလေးကြည့်လည်း ကလေးလေးကချောပြီးသားလို့"

"ဂယူဘင်းရှီး ကျွန်တော်ခင်ဗျားရည်းစားမဟုတ်ဘူးနော် လူမှားနေတာလား"

"ယူဂျင်းကလည်း ကိုယ်ပြောပြီးသားပဲ အခုကစပြီး ကိုယ့်အချစ်တွေကို ကလေးလေးမြင်အောင်သက်သေပြတော့မှာပါဆို"

"သက်သေပြချင်လည်းပြပေါ့ ဒါပေမယ့် ကျွန်တော်က ခင်ဗျားတွဲဖူးတဲ့ကောင်မလေးတွေလိုမဟုတ်ဘူး"

"ဒါပေါ့ ကို့ကလေးလေးက သူတို့နဲ့ဘယ်လိုတူမှာလဲ"

"အခုပြန်တော့ ခင်ဗျားကိုမကြိုဆိုဘူး"

"ယူဂျင်းလေးကလည်း ကိုယ်က ကလေးကိုလွမ်းလို့ပြေးလာတာလေ"

"ဘာတွေပြောနေတာလဲ အပိုတွေမလုပ်နဲ့ ခင်ဗျားကားနဲ့ပြန်လာတာတွေ့သားပဲ"

"ကလေးကလည်းရိုလို့လည်းမရဘူး"

"မရရင်ပြန်ပေါ့ မျက်စိထဲမှာရှုပ်လွန်းတယ် မြင်နေရတာအဆင်မပြေဘူး"

"မပြန်ပါဘူး ကိုယ့်ကိုချစ်တယ်ဆိုရင်ပြန်မယ်"

"အကိုဂယူ ဘာဖြစ်နေတာလဲ ပတ်ဝန်းကျင်ကကြားသွားမှာမရှက်ဘူးလား"

"ဘာလို့ရှက်ရမှာလဲ  ကိုယ့်ကလေးကိုပဲဂရုစိုက်တာ"

"ပြန်တော့လို့ ရေလည်းမချိုးရသေးဘူးမလား။ချွေးတွေချည်းပဲ"

"ကောင်းပြီ ကိုယ်ရေချိုးပြီးမြန်မြန်ပြန်လာခဲ့မယ်။ကလေးကိုယ့်ကိုစောင့်နေနော်"

Love you till the sunsetWhere stories live. Discover now