Love you till the sunset Part-2

271 25 1
                                    

ကျောင်းတက်တာတစ်လတောင်ကြာသွားပြီဆိုပေမယ့် ယူဂျင်းတစ်ယောက်ကတော့ အကိုဂယူကိုရှောင်နေဆဲပင်။တစ်ပတ်လောက်ကြာတော့ လိုင်းပေါ်မှာ အကိုဂယူဘက်ကစကားလာပြောပေမယ့် ယူဂျင်းဘက်ကတော့ အွန်း ဟုသာပြန်ပြောသည်။

"အရင်လိုပြန်သွားရင် ကျွန်တော်ခံနိုင်ရည်ရှိတော့မှာမဟုတ်လောက်ဘူး။ဘာပဲဖစ်ဖစ် အကိုက ကျွန်တော့်အပေါ်မှာ ညီတစ်ယောက်ထပ်မပိုခဲ့ပါဘူးလေ"
##########
ယူဂျင်းနဲ့မတွေ့ရတာအတော်ကြာတော့မှ ဂယူဘင်းတစ်ယောက်သူ့စိတ်ကိုသူ နားလည်လာသည်။
"ငါ သူ့ကိုကြိုက်မိနေတာပဲ"

ဂယူ့အတွက်ကံကြမ္မာက ဒုတိယအကြိမ်အခွင့်အရေးထပ်ပေးလိုက်သည်ပင်။
ယူဂျင်းမိဘတွေက နိုင်ငံခြားကိုအလုပ်ကိစ္စနဲ့သွားရမှာကြောင့် ဂယူ့မာမီဆီမှာ ယူဂျင်းကိုလာအပ်သွားသည်။
#########

"ဟော ယူဂျင်း သားလေးနိုးပြီလား"

"ဟုတ် နိုးပါပြီအန်တီ"

"မနက်စာကိုသားအကိုနဲ့တူတူသွားစားလိုက်လေ။ပြီးရင် အတူတူကျောင်းသွားကြနော် အန်တီ ကုမ္ပဏီကိုသွားလိုက်အုန်းမယ်။"

"ဟုတ်ကဲ့"

ယူဂျင်းလည်း ထမင်းစားခန်းဆီရောက်တော့ အကိုဂယူဘင်းတစ်ယောက်ထဲ။ အကိုဂျီအွန်းကရော ဘယ်ရောက်သွားတာလဲ။

အတွေးများနေတဲ့ယူဂျင်းကြောင့် ဂယူဘက်ကပဲစကားစလိုက်ရသည်။
"အကိုဂျီအွန်းကကျောင်းသွားပြီ မနက်စာလာစား"

"မစားတော့ပါဘူး ကျောင်းမှာပဲစားလိုက်တော့မယ် ခွင့်ပြုပါအုန်းဗျ"

"ယူဂျင်း ဟန်ယူဂျင်း!!!!!!မင်း ငါ့ဒေါသကိုဆွနေတာလား"

"ကျွန်တော့်ဘာသာမစားတာ အကိုနဲ့ဘာဆိုင်လို့လဲ ဘာလို့အမြဲကျွန်တော့်အပြစ်ကြီးပဲလဲ"

"မင်းတစ်ခုခုဖစ်ရင် ငါတို့အပြစ်ဖစ်မှာစိုးလို့ပြောနေတာ"
အမှန်တော့ ဂယူပြောချင်တာကတစ်ခြား ပြောထွက်တာကတစ်ခြားဖြစ်နေသည်။

"အဲ့အတွက်စိတ်မပူနေပါနဲ့ဗျ။မေမေနဲ့ညတိုင်းဖုန်းပြောနေကြပါ။တကယ်လို့ မတော်တဆ ကျွန်တော်​သေသွားရင်တောင် အကိုတို့နဲ့မသက်ဆိုင်တာမလို့"

Love you till the sunsetWhere stories live. Discover now