Love you till the sunset Part-4

236 21 0
                                    

ရစ်ခီက ကလေးတစ်ယောက်သဖွယ့် အိုလီအားချွဲကာ
"အိုလီ ညနေကျအပြင်သွားရအောင်နော်"

"မရဘူး အိမ်ကလာကြိုမှာ"

"အိုလီကလည်းကွာ....."

"ဟျောင်း ဘာဖြစ်နေတာလဲ ကလေးကျနေတာပဲ"

"အိုလီက ကိုယ့်ကိုစ်ိတ်ကုန်နေပြီလား"

"မဟုတ်ပါဘူး ကျွန်တော်က ဟျောင်းကိုတည်ကြည်တဲ့သူလို့သိထားတာ ဒီလိုကလေးဆန်မှန်းမသိခဲ့ဘူး"

"ကိုချစ်တဲ့သူတွေရှေ့မှာပဲကလေးဆန်တာပါကွာ"

ယူဂျင်းအခန်းရှေ့မှသူတိုးနှစ်ယောက်ကိုရပ်ကြည့်နေမိသည်။

"အမလေး လျှိုထန်းယွဲ့တို့များ crushတွေ့တာနဲ့ သူငယ်ချင်းမေ့ အစားအသောက်မေ့ပဲ"
စ်ိတ်ထဲကနေ ပြောမ်ိသည်။
######
အိုလီ အခန်းရှေ့မှာရပ်နေတဲ့ယူဂျင်းကိုတွေ့ပြီးလှမ်းခေါ်လိုက်သည်။

"ယူဂျင်း ဘာရပ်လုပ်နေတာလဲ"

"ဟင်.....ဘာမှမဟုတ်ပါဘူး"

"လာလေ အာ့ဆိုလည်း"

ယူဂျင်းတစ်ယောက် အိုလီတို့နားရောက်တော့
"အစ်ကိုရစ်ခီ ဒဏ်ရာတွေနဲ့ ဘာဖြစ်လာတာလဲ"

"ဘာဖြစ်ရမလဲ ဟျောင်းက လူမိုက်ကြီးသွားလုပ်လာတာလေ။တခြားမေဂျာကသူတွေနဲ့ရန်ဖြစ်တယ်တဲ့"

"အိုလီက ကိုယ့်ကိုမှ ဂရုမစိုက်တာကိုး"

"ရစ်ခီရှန်ခင်ဗျ စိတ်ဆိုးနေတာကမပြေသေးဘူးနော်"

"ယူဂျင်းရာ ဝိုင်းပြောပေးပါအုန်း အိုလီ့ကို"

"အိုလီရေ မင်းရဲ့ဟျောင်းကိုမင်းပဲထိန်းတော့။တော်ပြီ ဒီအတန်းချိန် ငါမတက်တော့ဘူး။စာပဲသွားလုပ်နေတော့မယ်"

ယူဂျင်းကစာအုပ်ယူပြီးတော့သွားတော့ အိုလီက ရစ်ခီကိုပြောလာသည်။

"တွေ့လား ဟျောင်းကြောင့်"

"ဟာဗျာ ဟျောင်းကဘာလုပ်လို့လဲ"

"ဟျောင်း ကျွန်တော့်က်ိုလာရစ်နေမယ့်အစား ကိုယ့်ကောင်မလေးဆီသွားပါလားဗျာ"

"ဟျောင်းမှာကောင်မလေးမှမရှိတာ အိုလီလေးတစ်ယောက်ပဲရှိတာ"

Love you till the sunsetWhere stories live. Discover now