Love you till the sunset Part-7 (Final)

353 27 0
                                    

ယူဂျင်းတို့စကားဝိုင်းလေး အချိန်အတော်ကြာတိတ်ဆိတ်ခဲ့ပြီးမှ လူစုခွဲလိုက်သည်။
ယူဂျင်းတစ်ယောက် ပတ်ဝန်းကျင်ကိုပစ်ပယ်ထားပြီး သစ်ပင်အောက်မှာတစ်ယောက်ထဲ ထိုင်ကာ သီချင်းနားထောင်နေမိသည်။

ဂယူတစ်ယောက်လျှောက်လာရင်း သစ်ပင်အောက်မှာထိုင်နေတဲ့ ကလေးငယ်ကိုတွေ့လိုက်ရတာမို့ အနားကိုသွားလိုက်ကာ နားကြပ်တစ်ဖက်ကို ဖြုတ်လိုက်သည်။

"ဘာလုပ်တာလဲ"

"ကလေးလေး ဘာဖြစ်ထားတာလဲကွာ မျက်လုံးလေးတွေက မို့တက်နေတာပဲ"

"ကိုကို...."

ကလေးငယ်ဝမ်းနည်းနေမှန်း ဂယူသိလိုက်ပါပြီ။ငယ်ငယ်ကဆို ဝမ်းနည်းလာတိုင်း သူ့ကိုဖက်ပြီး ငိုတတ်တဲ့အကျင့်ရှိသည်လေ။

"ကလေးလေး ဘာတွေဖြစ်နေလဲဆိုတာ ကိုကို့ကို မပြောပြချင်ရင်တောင် မငိုပါနဲ့တော့လားကွာ။ကိုကိုက မင်းအနားမှာအမြဲရှိနေပေးမယ်နော်။"

"တောင်းပန်ပါတယ် ယူဂျင်းက မပြောပြချင်လို့တော့မဟုတ်ပါဘူး ကိုကို"

"ရပါတယ်ကွာ။ကလေးလေးက အခုငိုတာတိတ်တော့နော်။ကိုယ်နဲ့မုန့်သွားစားကြမယ်လေ"

"ဟုတ်"

ယူဂျင်းတစ်ယောက် ကိုကို့ကိုစိတ်လည်းမဆိုးရက်တော့ပေ။အိုလီက သူ့ကိုထားသွားတော့မယ် ကိုကိုကပါ ထားသွားရင်ဆိုတဲ့အတွေးလေးက စိတ်ကူးထဲမယ်အပြည့်....

ချစ်ရသူကို ဘယ့်နှယ် မုန်းရက်နိုင်ပါ့မလဲ။အခုကစပြီး ကိုကို့လက်ကို တွဲပြီး အတူတူလျှောက်လှမ်းဖို့ ယူဂျင်းကအသင့်ဖြစ်နေပါပြီ ကိုကို။ဘယ်လောက်ပဲ လွဲခဲ့ လွဲခဲ့ နောက်ဆုံး​မှာတော့ ပေါင်းဖက်ရတဲ့ ဇာတ်သိမ်းမျိုးပဲ ဖြစ်စေချင်တယ် ကိုကို။ကိုကိုကသာ ကျွန်တော့်ရဲ့ အချစ်ဦးနဲ့ အချစ်ရဆုံးသူပါ။

#########

မက်ချူးတစ်ယောက် အိုလီ့အတွက်တစ်ခုခုဝယ်ပေးရမလားဟုစဥ်းစားကာ အနီးနားက ဆိုင်တွေကိုလိုက်ကြည့်နေမိသည်။ရုတ်တရက်လက်ဆွဲခံလိုက်ရတာကြောင့် လန့်ပြီး မော့ကြည့်လိုက်တော့ အစ်ကိုဂျီအွန်း....

Love you till the sunsetWhere stories live. Discover now