3

19.8K 272 12
                                    

သန့်စင်ခန်းရှေ့ရပ်ရင်း ဟန်သစ်အကြာကြီးတွေဝေနေခဲ့မိသည်။

သိသိသာသာပဲ သူ၏အောက်ပိုင်းတစ်နေရာဟာ ဖောင်းကြွနေခဲ့သည်။

ဟန်သစ်က စိတ်လွတ်လွယ်သူမဟုတ်ရပါချေ။

သို့ပေမယ့် အိမ်ထောင်ရေးမှာ စိတ်ပိုင်းဆိုင်ရာဖိအားတွေများလာချိန်၊ တစ်ဝက်တစ်ပျက်နဲ့ အာသာဆန္ဒမှာ ခဏခဏနှောင့်ယှက်ခံရပြီး အကြာကြီးမဖွင့်ထုတ်ရသေးချိန်၌ သူ့ရှေ့ကမြင်ကွင်းကိုလျစ်လျူမပြုနိုင်ခဲ့ပေ။

အိမ်ထောင်သည်တစ်ယောက်ဆိုရင်တောင် pornကြည့်ပြီးထန်လာတတ်သေးတာပဲမလား။ စစ်မှန်တဲ့ သူ့ရှေ့ကမြင်ကွင်းက အကြာကြီးငုပ်လျှိုးတိမ်မြှုပ်နေခဲ့တဲ့ ရမ္မက်စိတ်ကိုနှိုးဆွလာခဲ့သည်။

ဇာတ်ကားတစ်ကားသာဆို သူ့ဘောင်းဘီဇစ်ကို ချက်ချင်းဆွဲချပစ်နိုင်သည်။ သို့သော် သူစိတ်ကြွလာရခြင်းအကြောင်းတရားက သူ့ရှေ့ကကျောင်းသားကြောင့် ဖြစ်လာခဲ့တာမို့ စိတ်ကမလုံမလဲဖြစ်၏။

ဒီကျောင်းသားကိုတပ်မက်တာ မဟုတ်တဲ့တိုင် ဒီကျောင်းသားရဲ့လုပ်ပုံကြောင့် သူထန်လာခဲ့တာမို့ မသိုးမသန့်ဖြစ်မိတာဧကန်။
အိမ်ထောင်သည်တစ်ယောက်သည် အိမ်ထောင်ဘက်မဟုတ်သော တခြားတစ်ယောက်ကြောင့် စိတ်ထလာတာမဖြစ်သင့်ဟူသော အသိစိတ်ကား သူ့အားတိုက်စားနေသည်။

"ကျွတ်..... ကျွတ်..... ကျွတ်!"

မျက်နှာကို ရေအေးဖြင့်ဖြန်းပက်နေချိန် စုတ်သပ်သံကိုကြားလိုက်ရသည်။

လှည့်မကြည့်ဘဲနဲ့တောင် ဘယ်သူမှန်း ဟန်သစ်သိ၏။

သူ့ကိုမွှေလိုက်တဲ့ ဟိုဂြိုဟ်ဆိုးကောင်။

......
......

ထွက်ပေါက်နားမှာ တံခါးဘောင်ကိုမှီ၍ ဘောင်းဘီအိတ်ထဲလက်ထည့်ထားတဲ့Alexက သူ့ရှေ့ရှိ ကျောင်းဆရာကိုကြည့်ကာ......

"hmmm? ကျွန်တော့်ကိုစိတ်ဆိုးနေတာလား"

"မင်းကိုယ်မင်း အထင်ကြီးနေမိပြီ"

မျက်မှန်ကိုဆွဲချွတ်ပြီး ပဝါစနဲ့သုတ်ရင်း အသာတကြည်ပြန်ဖြေလာတဲ့ပုံက Alexအတွက် အသည်းယားချင်စရာ။

Student(Completed)Where stories live. Discover now