"အခုထိစိတ်ဆိုးနေတုန်းပဲလား"
ဟန်သစ်၏အက်ကွဲနေသောအသံကြားမှ Alexက ကုတင်ပေါ်တက်၍ ဖြည်းညင်းစွာလှဲချလိုက်သည်။
"သူဘာလာလုပ်တာလဲ"
"ပစ္စည်းတွေသိမ်းဖို့ရောက်လာတာ...... မင်းကိုပြောဖို့မေ့သွားခဲ့တယ်"
Alexမကျေမနပ်နဲ့ ဟန်သစ်ခါးကိုညှစ်၍......
"ဪ"
"အင်း"
ဟန်သစ်က နွမ်းလျစွာဖြင့် မျက်ဝန်းတို့ကိုမှိတ်ချကာ အသက်မှန်မှန်ရှူနေ၏။
သူတို့ကြမ်းထားတာလည်း တော်ရုံမှမဟုတ်တာပဲလေ။
"အိပ်တော့မှာလား......."
"အင်း"
"သန့်ရှင်းရေးမလုပ်ရသေးဘူး"
"ရတယ်"
လုပ်တုန်းကမသိသာပေမယ့် အရှိန်သေသွားတော့ ခါးကတဆစ်ဆစ်နဲ့ကိုက်လာသည်။ သူထပ်ပြီး မလှုပ်ချင်။
Alexဆီမှ တိတ်ဆိတ်သွားပြီးနောက်.......
"ကျွန်တော်မပြီးသေးဘူးလေ"
ဟန်သစ်၏မျက်လုံးက ပြန်လည်ပွင့်လာပြီး Alexနဲ့မျက်လုံးချင်းဆုံစေသည်။
"မင်းသာ အခုလိုချိန်မှာခပ်လုပ်မယ်ဆိုရင် ကိုယ်တို့တခြားနေရာတစ်ခုမှာ ထပ်တွေ့ရလိမ့်မယ်...... ဆေးရုံ ဒါမှမဟုတ် ရေဝေးလိုနေရာမျိုးပေါ့"
ပြောပြီးမျက်စိပြန်မှိတ်သွားတဲ့ဟန်သစ်ကို Alexကရယ်လေသည်။ အိပ်ပျော်သွားသည့်လူကြီးကို အဝတ်စနွေးနွေးဖြင့် အကြမ်းဖျင်းသန့်ရှင်းပေးလိုက်ပြီးနောက် ထိုလူကိုဖက်၍ သူပါအနားယူလိုက်၏။
-
ခရီးဝေးမှပြန်ရောက်ပြီး မရပ်မနားတိုက်ပွဲဝင်ခဲ့တဲ့အကျိုးဆက်ကြောင့် Alexက နောက်တစ်နေ့မနက်ရောက်သည်အထိ အိပ်ပျော်သွားခဲ့လေ၏။
ငါးနာရီပုံမှန်ထနေကြဖြစ်တဲ့ဟန်သစ်က အစောကြီးကတည်းကနိုးနေနှင့်ပြီးဖြစ်သည်။ ခါးကလည်း အနည်းငယ်သာကိုက်ခဲနေချေတော့သည်။
Alexနိုးလာတော့ စောင်အောက်ကနေမျက်လုံးနှစ်လုံးသာဖော်ပြီး တစ်ခဏအထိ သူဘယ်ရောက်နေမှန်းမသိသေး။