19

13.2K 319 4
                                    

ကွာရှင်းစာချုပ်ကို ဟန်သစ်က ရက်အနည်းငယ်အတွင်း၌ Mikeဆီသို့ ပို့ပေးလိုက်၏။ Mikeက သူ့ကိုတွေ့ခွင့်ရဖို့ကြိုးစားသော်လည်း ဇနီးဖြစ်သူမသိအောင်ခိုးလုပ်နေရသလို၊ ဟန်သစ်ရှေ့နေ၏ ပြတ်ပြတ်သားသားငြင်းဆန်မှုများကြောင့် မလုပ်နိုင်ခဲ့ပေ။



ကွာရှင်းစာချုပ်ထက်က လက်မှတ်နှစ်ခုကိုကြည့်ပြီး Alexက ပျော်တပြုံးပြုံး။ ဟန်သစ်သည်လည်း တစ်ကိုယ်လုံးပေါ့ပါးသွားသလို ခံစားမိလိုက်လေသည်။



"ပျော်စရာကြီး....... ကျွန်တော်တို့ဒီည လုပ်ကြမလား"



"အားကစားကွင်းပွဲတော်အတွက် မနက်ဖြန်လုပ်စရာတွေမှအများကြီး....... မင်းလက်ချက်နဲ့ ပင်ပန်သွားလို့မဖြစ်ဘူး"



Alexက မကျေမနပ်ဖြင့် ပွစိပွစိရေရွတ်လိုက်လေသည်။ ဟန်သစ်ပြုံး၍ လူငယ်လေးရဲ့ရှေ့ဆံပင်တို့ကို လှမ်းကာသပ်တင်လိုက်သည်။



"ဒီညBlowj'b လုပ်ပေးမယ်"



"ကြားရရုံနဲ့တင် မာလာပြီ"



"အထန်လေး"



-



"Mike မာမီတို့ဆီအလည်သွားရအောင် ပြီးရင် အန်တီ့ဆီတစ်ခါတည်းဝင်ကြမယ်"



အယ်လီနာပြောစကားအရ အန်တီဆိုသူက သူမ၏အမျိုးအဆွေထဲတွင် ချမ်းသာပြီးအာဏာအရှိဆုံးတစ်ယောက်ဖြစ်သည်။ သူမ၏ခွင့်ပြုချက်မရှိဘဲ Mikeနဲ့အယ်လီနာ ယခုလိုမြန်မြန်ဆန်ဆန်လက်ထပ်နိုင်မည်မဟုတ်ချေ။



Mike နားလည်စွာနဲ့ခေါင်းညိတ်ပြီး လိုအပ်မယ်ထင်တာတွေကိုပြင်ဆင်လိုက်သည်။



ထို့နောက် နှစ်ယောက်သား ထွက်လာခဲ့ကြသည်။



-



ဟီးထနေတဲ့ နံ့သာရောင်နှစ်ထပ်တိုက် အိမ်ကြီးက ရဲတိုက်တစ်လုံးအလား။ ခမ်းနားသောအပြင်အဆင်နှင့် လက်လက်တောက်နေတဲ့ပရိဘောဂများကို ကြည့်ရင်း Mikeဟာ သဘောတကျကျ။



သူဒီမိသားစုအသိုင်းအဝိုင်းထဲ ဝင်လာမိတာကောင်းတယ်......။ ဟန်သစ်ကို မမေ့နိုင်သေးပေမယ့်လို့ပေါ့။



ဒုတိယအကြိမ်ရှိလာရင်တောင် သူဒီအရာကို ရွေးချယ်မည်မှာမလွဲမသွေ။

Student(Completed)Where stories live. Discover now