15

14.7K 330 6
                                    

ဟန်သစ်အမြန်လိုက်သွားသော်လည်း Alexကိုမမီနိုင်ဘဲ တောင်အဆင်းလမ်းမှာတင် မျက်ခြေပြတ်သွားခဲ့သည်။ သူ့အနေနဲ့စိုးရိမ်မိတာကြောင့် မိုးချုပ်မည်ကိုဂရုမစိုက်နိုင်ဘဲ တောင်ခြေသို့ လိုက်ပါပြေးဆင်းလာခဲ့ရင်း လမ်းကလူများကိုလည်း မေးဖို့မမေ့။

"အနက်ရောင်ဒူးပြဲကိုယ်ကြပ်ဘောင်းဘီနဲ့ ရှပ်အဖြူဝတ်ထားတဲ့ လူငယ်လေးတစ်ယောက်ကို မြင်လိုက်မိသေးလား......"

တချို့ကခေါင်းခါကြပြီး တချို့ကမူ တောင်ဆင်းလမ်းဘက်ညွှန်ပြကြသည်။

ဟန်သစ် အရှိန်နဲ့ပြေးဆင်းလာခဲ့တော့မှ တောင်ခြေအရောက်တွင် ရင်းနှီးနေတဲ့နောက်ကျောကိုမြင်လိုက်ရသည်။

"Alex........"

မောပန်းမှုကြောင့် ဟန်သစ်၏နှာသီးဖျားထက် ချွေးတို့စို့လာပြီး မျက်နှာသည်ကားနီရဲနေ၏။

ကာယကံရှင်ကတော့ သူ့အသံကြားသည့်တိုင် ခြေလှမ်းများကိုပင်မနှေး။

"Alex....... ခဏစောင့်ပါဦး"

လက်မောင်းအား အမိဖမ်းဆွဲလိုက်ချိန်တွင် Alexက ရုန်းထွက်ကာရှောင်ဖယ်ချင်နေသည်။

"ခဏလေးပါကွာ....... စကားခဏပြောကြရအောင်"

"hah! ခင်ဗျားေယာကျာ်းနဲ့ပဲ ဘာလို့မပြောတာလဲ"

"မင်းအထင်လွဲတာပါ"

အရင်ဆုံးအနေနဲ့ လူမြင်ကွင်းထဲဒီလိုမဖြစ်ချင်ပေမယ့် Alexကိုခေါ်မရတာကြောင့်........

"အရင်ဆုံး တစ်နေရှာပြီး ဆွေးနွေးရအောင်"

"ဆွေးနွေးရမယ်? သူကတော့ ဘယ်သူဖြစ်နေပါတယ် ဒါကြောင့်မို့ ကျွန်တော်ကတော့ဘယ်နေရာမှာရှိနေတဲ့လူဖြစ်လို့ ဘယ်လိုနေသင့်တယ်ဆိုတဲ့ အကြောင်းကိုလား"

"ကိုယ်အဲ့လိုသဘောမျိုးပြောတာမဟုတ်ရပါဘူးကွာ"

"ကျွန်တော်ကတော့ အဲ့လိုပဲထင်တယ်"

ဟန်သစ် Alex၏လက်ဖဝါးကိုဆွဲယူဆုပ်ကိုင်ကာ စိတ်ရင်းမှန်ဖြင့်ပြောလိုက်သည်။

"ကလေး...... လူမှုရေးဖောက်ပြန်ပါတယ်ဆိုပြီး ကိုယ့်နာမည်ထွက်သွားရင် ကိုယ်ဂရုမစိုက်ကောင်းမစိုက် နေနိုင်မယ်။ ဒါပေမယ့် မင်းကမတူဘူးလေ......မင်းအခုထိ အသက်နှစ်ဆယ်တောင်မရှိသေးတာ။ အနာဂတ်မှာ အကန့်အသတ်မရှိဘူး။ မဆင်မခြင်လုပ်လိုက်တာနဲ့ မင်းရဲ့ဘဝတစ်လျှောက်လုံး ဘယ်လိုစွန်းထင်းသွားလိမ့်မလဲ"

Student(Completed)Where stories live. Discover now