126 - 130

369 30 0
                                    

A Valiant  Life  126
အပိုင်း ( ၁၂၆ )   ကျေနပ်သွားတဲ့ လီဘင်

ဘာသာပြန် = စနိုးဝှိုက်

သတင်းတွေဟာ အင်တာနက်ပေါ်မှာ ပိုပိုပြီး ပျံ့နှံ့လာသလို လင်းဖန်ရဲ့ နာမည်ဟာလည်း ပိုပိုပြီး ကျော်ကြား ခဲ့ပါတယ်။

သို့ပေမယ့် သူကျော်ကြားတဲ့ ပုံစံက နည်းလမ်းမှားနေပေမယ့်လည်း  သူ့မှာ မျှတတဲ့ အခြေအနေတော့ ရှိနေပါသေးတယ်။

လင်းဖန်ဟာ ကျော်ကြားမူရဲ့ ဘေးထွက်ဆိုးကျိုးကို ကျင့်သားရနေပြီ ဖြစ်ပြီး အင်တာနက်ပေါ်မှာတော့ သူ့ကို လူတွေ အများကြီး ဝိုင်းပြီး အပြစ်တင်နေကြပါတယ်။

သို့ပေမယ့် သူ ဒါကို လုံးဝ ဂရုမစိုက်ပေ။ဒီလူတွေ ပြောနေတဲ့ အရာတွေ ကိုသူလုံးဝ မသိချင်ယောင် ဆောင်နေခဲ့ပါတယ်။

ကလင် ကလင်

ဖုန်းဝင်လာခဲ့သည်။

ဝမ်မင်ယန်ဟာ မေးလိုက်ပါတယ်။

"ညီအစ်ကို လိုင်းပေါ်မှာ ဘာတွေဖြစ်နေတာလဲ"

လင်းဖန် ။

"ဘယ်သူ သိမှာလဲ ။သူတို့က ဘာအလုပ်မှ မရှိတဲ့ လူတွေ စိတ်မပူနဲ့။ကျုပ်က နိမ့်ချပြီးပဲ နေတာ"

ဝမ်မင်ယန်ဟာ ဂုဏ်ယူစွာပြောလိုက်သည်။

"မင်းက တကယ်အကောင်းမြင်တတ်တာပဲ။ဒီလောက် လူအများကြီးက တိုက်ခိုက်နေတာတောင် မင်းက ဘာပြသနာမှ မရှိဘူး"

လင်းဖန် ပြန်ဖြေလိုကိသည်။

"ဘာ ပြသနာရှိရမှာလဲ။ပြသနာရှိနေတယ် ဆိုရင်တောင် အဲ့ပြသနာကို ကျွန်တော် ရပ်တန့်ပစ်လိုက်မယ်။စိတ်တည်တည်ငြိမ်ငြိမ်ထားတာက အကောင်းဆုံးပဲ"

"ကောင်းပြီ ကောင်းပြီ မင်းက အမြဲတမ်းတော် နေတာပဲ"

ဝမ်မင်ယန်ဟာ ဘာမှ ပြောစရာ မရှိတော့ပဲ ဖုနး်ချလိုက်ပါတယ်။

......

ယန်ရှုရန် ဟာလည်း လင်းဖန်နဲ့ ပတ်သက်တဲ့ ဘယ်သတင်းမဆို သေချာစောင့်ကြည့်နေခဲ့တာပါ။

သူ ဒီကိစ္စကို မြင်တဲ့ အချိန်မှာ လင်းဖန်အတွက် စိတ်ပူသွာခဲ့ပါတယ်။

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် )Unde poveștirile trăiesc. Descoperă acum