321 - 325

280 19 0
                                    

A  Valiant Life 321
အပိုင်း ( ၃၂၁ ) မစ်ရှင်ကို အမြန်ဆုံး နည်းလမ်း
                       နဲ့ပြည့်မြောက်အောင်လုပ်ခြင်း...

ဘာသာပြန် = စနိုးဝှိုက်

သတင်းထောက် တွေ အကုန်လုံး ပြန်သွားခဲ့တယ်..။သူတို့ထဲက တစ်ယောက်က တော့ ပန်ကိတ် ဘယ်လောက်အထိ အရသာ ရှိလဲ ဆိုတာကို သိသွားခဲ့ပါပြီ..။

ဒီသတင်းထောက် အတွက်ကတော့ လင်းဖန် အာမခံ နိုင်တာက..ဒီလူက လာတန်းစီ တဲ့ လူတွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်တော့မယ် ဆိုတာ ပါပဲ..။

ခြုးယွန် လင်းဖန် ကို လက်မ ထောင်ပြလိုက်တယ်..။

"မာစတာ လင်း..ခင်ဗျား ခုနက ပြောသွားတာ တွေက တကယ်ကြောက်ဖို့ ကောင်းတယ်နော်..။တစ်ခုခု ဖြစ်မှာကို ခင်ဗျား မကြောက်ဘူးလား.."

ခြူးယွန် ပဟေဠိ ဖြစ်စွာ မေးလိုက်တာပါ..။မာစတာ လင်းလုပ် ခဲ့တာ တွေကတော့ တကယ် အံ့ဩဖို့ကောင်းပါတယ်..။

လင်းဖန် သိချင်စိတ် နဲ့ မေးလိုက်တယ်..။

"ဘာဖြစ်နိုင်လို့လဲ..။ငါ ဘာမှ မလုပ်ခဲ့ဘူးလေ..အမှန်တရားကို ပဲ ပြောခဲ့တာ..။ဒါက ပြသနာ ဖြစ်လာနို်င်တယ် လို့ ငါတော့ မထင်ဘူး.."

ခြူးယွန် ဆွံ့အသွားခဲ့တယ်..။သူသာ မာစတာ လင်း အကြောင်း မသိရင် ကျိန်ဆဲမိတော့မှာပါ..။

ဒီငနဲက ဘယ်ကနေ ရောက်လာတာလဲ...

သို့ပေမယ့် သူ နောက်တစ်ခါလက်မထောင် လိုက်ပြီး ပြောလိုက်တယ်..။

"မာစတာ လင်း ကျုပ်ရှေ့မှာ  ကျုပ်အဖိုး ရောက်နေရင်တောင် သူ့ကို အရှုံးပေးမှာ မဟုတ်ဘူး..။မာစတာ လင်းကို ပဲ အရှုံးပေးလိုက်မှာ.."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တယ်..။

"ဘာများ  အရှုံးပေးစရာ ရှိလို့လဲ..။ကမ္ဘာကြီးပေါ်မှာ မသိသေးတဲ့ အရာတွေ အများကြီး ရှိလေ..။ပြီးတော့ မကြွားဝါ ချင်တဲ့ လူတွေက လည်း အများကြီးပဲ.."

ခြူးယွန် ခေါင်းညိမ့်လိုက်တယ်..။သူ လင်းဖန်ရဲ့ စကား လက်ခံတာ ထင်ရှားပါတယ်..။

ကျောက်ကျန်းယန်ဟာ သူ့ရဲ့ ဖုန်းကို ကိုင်ထားရင်း ပြောလိုက်တယ်..။

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် )Where stories live. Discover now