881 - 885

103 8 0
                                    

A Valiant Life 881
အပိုင်း ( ၈၈၁ )  အခြေအနေက နည်းနည်း
                           ရှုပ်ထွေးတယ်...

#ဘာသာပြန် = စနိုးဝှိုက်

"ချီးပဲ..အခြေအနေက..ထိန်းချုပ်ရခက်လာပြီ..."

အခြေအနေက ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့ပါဘူး...။သူ ယန်ယွန်ကို ဆေးလုံး ပေးမိခဲ့တာကနေ ဒါတွေ စတင်လာခဲ့တာပါ..။တစ်ချ်ိန်တည်းမှာပဲ..ဒါက လည်း သူတို့ တွေ့ဆုံဖို့ ကံကြမ္မာကြောင့်သာ ဖြစ်လာခဲ့တာပါ..။

ဘာပဲဖြစ်ဖြစ် အဲ့အချိန်မှာ ယန်ယွန်ရဲ့..အိမ်က သူ့အတွက် တည်းခိုဖို့ အတွက် အကောင်းဆုံး ဖြစ်ခဲ့ပါတယ်..။ယန်ယွန် ရဲ့ အစ်ကို တစ်ခုခု ဖြစ်နေတာ သိလိုက်ရတဲ့ အချိန်မှာ သူ ဘာမှ မလုပ်ပဲ မနေနိုင်ခဲ့ပါဘူး..။

သို့ပေမယ့် အခြေအနေက အခုတော့ ကွာခြားသွားပါပြီ..။

ဒီနိုင်ငံထဲမှာ သွေးကင်ဆာ ရောဂါသမားတွေ ဘယ်လောက် များ ရှိနိုင်မှာလဲ..။

သူ ဒါကို မသိသလို...သိလည်း မသိချင်ပါဘူး..။အခု သတင်းက..တက်လာပြီ ဆိုတော့ လူတွေ ဘယ်လောက်တောင်  သူ့ကို လာပြီး ရှာမလည်း ဆိုတာ မပြောနိုင်တော့ပေ..။

တကယ်လို့ သူက နတ်ဘုရားတစ်ပါး ဖြစ်နေရင်တောင် ဒီလောက် လူတွေ အများကြီးကို ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး..။

ဒီဆေးလုံး တွေဆိုတာက ဖော်စပ်ဖို့ အတွက် ခက်ခဲတာကြောင့်  လူတွေ အများကြီး အတွက် ပမာဏ မြောက်များစွာ ထုတ်လုပ်ပေးဖို့ ဆိုတာက မဖြစ်နိင်ပေ..။

သူ အဖြေတစ်ခုကို စဥ်းစားမှ ရတော့မှာပါ..။မဟုတ်ရင်...အခြေအနေတွေက ပိုဆိုးကုန်ပါလိမ့်မယ်..။

သူ ချက်ချင်းပဲ..ကားကို စက်နိုးလိုက်ပြီး အိမ်ကို
တည့်တည့်  ဦးတည်ပြီး မောင်းလိုက်ပါတယ်..။

နေ့လည်  ၃ နာရီ တွင်..။

တိမ်ဖြူလမ်း..။

လင်းဖန် ပေါ်လာတဲ့ အချိန်မှာတော့ ဆိုင်ပိုင်ရှင်တွေဟာ ရောက်လာခဲ့ကြပါတယ်..။

အကြီးအကဲ လိန် ပြောလိုက်တယ်..။

"သူဌေးလေး..သတင်းထဲက အရာရာတိုင်းက ..အမှန်ပဲလား..."

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် )Where stories live. Discover now