596 - 600

223 16 0
                                    

A Valiant Life 596
အပိုင်း ( ၅၉၆ ) ငါ့စိတ်အခြေအနေပေါ် မူတည်
                         တယ်..

#ဘာသာပြန် = စနိုးဝှိုက်

ချန်းဟိုင်ဂီဟာ..တိမ်ဖြူလမ်းကို ရောက်လာတဲ့ အချိန်မှာ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ နေရာတစ်ခုကို ရောက်သွားသလိုပါပဲ..။အထူးသဖြင့် ရုပ်ရည် ခန့်ညားတဲ့ မာစတာလင်းကို မြင်လိုက်ရတဲ့ အချိန်မှာပါ..။သူ့ ရင်ထဲက ကြောက်စိတ်တွေဟာ လံူးဝ ​ပျောက်ကွယ်သွားခဲ့တယ်..။

မာစတာလင်းသာ  သူ့ဘက်ကနေ ရှိနေရင် ဘာမှ  ဖြစ်လာမှာ  မဟုတ်ဘူးလို့ သူယုံကြည်ပါတယ်..။

လူလိမ် ထျန် ရှေ့ကိုတက်သွားပြီး ကြောင်အစွာ  ပြောလိုက်တယ်..။

"ညီငယ်လေး..ဒီခြေထောက်တွေက..အခြေအနေ ဆိူးနေပါလား.."

ဒါကို ပြောပြီးနောက်မှာ သူ  ခြေထောက်တွေကို ဖိကြည့်လိုက်ပါတယ်..။

ကျောက်ကျန်းယန် နဲ့ ကျန်တဲ့ လူတွေဟာလည်း ချန်းဟိုင်ဂီကို ကြည့်နေခဲ့ကြတယ်..။သူက ငယ်ရွယ်ပေမယ့် သူ့ခြေထောက်တွေက ဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ..။ဒါက တကယ်ကို သနားစရာပါပဲ..။

ဘေးနားမှာ ရှိနေတဲ့ ရှန်းမင်ဟာ တောင်းပန်လိုက်တယ်..။

"မာစတာလင်း..ကျေးဇူးပြုပြီး အစ်ကို ချန်းကို ကယ်လို့ရသေးလား ကြည့်ပေးပါဦး.."

"မင်းတို့က ငါ့ကို အရေးမပါတဲ့ လူတစ်ယောက်လို လုပ်နေတာပဲ.."

လင်းဖန် သူတို့ နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်တာပါ..။

"မင်းတို့ကို  အန္တရာယ်ရှိတဲ့ နေရာတွေမှာ မပါဝင်ဖို့ ပြောထားတာပဲ..။ဘာလို့ နားမထောင်တာလဲ..။ဘယ်လိုဖြစ်တာလဲ ငါ့ကို ပြောစမ်းပါဦး.."

ချန်းဟိုင်ဂီ အတွက် ဒါက ရှင်းပြဖို့ ခက်ခဲလှပါတယ်..။အခု ချိန်မှာ ပြန်တွေးရင်တောင် သူ ဘယ်လောက်ကံဆိုးနေလဲဆိုတာကို ခံစားမိပါတယ်..။

"မာစတာ လင်း..ကျွန်တော် ခြောက်ရက်မြောက်နေအထိ ဘာအန္တရာယ် ရှိတာမှ မလုပ်ခဲ့ပါဘူး..။ဒါပေမဲ့ ကျွန်တော် မတော်တဆ လမ်းဘေးပြိုုင်ပွဲတစ်ခုကို ဝင်မိခဲ့တယ်..။လမ်းတစ်ဝက်က  တောင်တစ်တောင် အရောက်မှာ..သစ်ပင်ကြီးတစ်ပင်က ကျွန်တော်ကားရဲ့ ရှေ့ကို..လဲကျသွားခဲ့တယ်..။ကံကောင်းလို့ ကျွန်တော့် အပေါ်ကို မကျတာ..။ဒါကြောင့် ခြေထောက်ပဲ ထိသွားတာလေ..။မဟုတ်ရင် ကျွန်တော်  အသက်ပါ ဆုံးရှုံးရမှာ..."

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် )Where stories live. Discover now