176 - 180

271 25 0
                                    

A Valiant Life 176
အပိုင်း  ( ၁၇၆ )   သေတဲ့ အထိတိုက်ခိုက်မယ်

ဘာသာပြန် = စနိုးဝှိုက်

ပရိတ်သတ် တွေ အကုန်လုံးဟာ အံ့သြသွားကြပါပြီ။

မာစတာ လင်းက ဘာလုပ်ဖို့ ကြံစည်နေတာလဲ..သူရူးများ ရူးသွားတာလား...

ကျောက်ကျန်းယန်ဟာ  ဝိုက်ဘိုက ပိုစ့်ကိုမြင်ပြီး ပြောလိုက်တယ်။

"မာစတာ လင်းက တကယ်ကြမ်းတမ်းတာပဲ"

ဝူယူလန် လဲ လင်းဖန် ရေးထားတာကို ဖတ်ပြီး ရယ်မောလိုက်ပါတယ်။ဒီတစ်ကြိမ်မှာလည်း ပျော် တတ်တဲ့လူတွေဟာ မာစတာ လင်းဖက်က ရပ်တည်ကြဦးမှာပါ။

ဝိုက်ဘိုပေါ်တွင်။

ဝမ်းနည်းနေတဲ့ မယ်လိုဒီ  :   666.....မာစတာ လင်းက သဘာဝကို တောင် ဆန့်ကျင်နိုင်တဲ့ ပါဝါတွေ ရှိနေပြီ ထင်တယ်.။

ကျို့ရှိီယန်  :  မာစတာ လင်းက တကယ် ရယ်စရာကောင်းတာပဲ..ငါ့ရဲ့ အကြွေးဝယ်ကတ်ကို လိုချင်နေတာများလား"

ဆန်းပြားတဲ့ ခရမ်းရောင်ဝိုင်  :  လေးစားပါတယ် မာစတာ လင်းရေ။

...

လင်းဖန် သူတို့ကို ဖျက်ဆီးဖို့ နည်းလမ်းကောင်းကို မသုံးနေချင်တော့ပါဘူး။ထပ်ပြောရရင် သူ့မှာ သက်သေအထောက်အထားတွေ မရှိပေမယ့် လည်း ဒီလူတွေက လူ့တိရစ္ဆာန်တွေ ဆိုတာ သူသေချာပါတယ်။

သူလုံးဝ ဒီတိုင်း လွှတ်မပေးလိုက်ချင်ပါဘူး။

အစက တော့ သူအကုန်လုံးကို သူ့ပိုစ်ကို ပြန်တင်ခိုင်းခဲ့ ပေမယ့် လည်း အခုတော့ လုပ်လို့ မရတော့ပေ။

ငါသာ နင်တို့နဲ့ သေအောင် မတိုက်ခိုက်နိုင်ရင်..ငါ့မျိုးရိုးနာမည်က လင်း မဟုတ်တော့ဘူး။

ကျောင်းလီ နဲ့ ချန်ဂျန် တို့ကတော့ လုံးဝ စိတ်မပူကြပေ..ဒီကိစ္စက ဒီမှာတင် ပြီးဆုံးသွားခဲ့ပါပြီ။

သို့ပေမယ့် သူတို့ ဝိုက်ဘိုပေါ်က ပို့စ်ကို မြင်တဲ့ အချိန်မှာ ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ပါဘူး။

ဒီအကောင်က ဘယ်လိုဟာလဲ....

အခြေအနေတွေက ထိန်းချုပ်လို့ မရဖြစ်နေပြီး ဒီအကောင်က သူတို့ကို ဆက်တိုက် ကျိန်ဆဲနေပါတယ်။ဒီမာစတာ လင်းက တစ်ခုခုတော့ တစ်ခုခုပါပဲ။

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် )Where stories live. Discover now