Part4

481 19 6
                                    

ကိုကိုက ဝတ်မှုံဆို ကိုကိုရှိတဲ့ပန်းက ကျွန်တော်လေ ကိုကိုရဲ့........

Unicode

"ညီ နာနေသေးလားအရမ်း"

မျက်နှာပေါ်၌ချွေးစလေးများနဲ့ကိုကိုက သူ့အားစိတ်ပူနေပုံမှာ မပြောပြတောင်သိသာနေပါသည်။
ဆေးခန်းအရှေ့မှာ နာမည်စာရင်းပေးအပြိး ထွက်လာသည်နှင့် စိုးရိမ်မျက်ဝန်းတွေနှင့်ကိုကို့ကြောင့်သူ​ပျော်မိသည် ဘာလို့ဆိ​ု ကိုကိုက သူ့ကိုအဲ့လောက်ထိကိုစိတ်ပူသည်တဲ့လေ အနက်ရောင်မျက်ဝန်းအိမ်မှာ မျက်ရည်ကြည်လေးတွေ ဉတဲ့ထိ......

" အများကြိးမထိပဲ အဆစ်လွှဲသွားတာပါ ဆရာဆေးပေးလိုက်မယ်နော် သောက်ဆေးကောလိမ်းဆေးကော နောက်ပြိးညော်နံ့တွေရှောင်မယ်နော် "

ဆရာဝန်လေးက. သစ်ထူးကိုကြည့်ပြိ ရဲသွေးအစားမှာပေးသည်....

"ဟုတ်ကဲ့ဆရာ ဒါနဲ့လေ ဘယ်နှရက်လောက်ဆိုသက်သာပြိလဲဗျ".

"ကလေးက အရိုးလဲနုတော့ နည်းနည်းထိတာကနည်းပေမယ့် အကုန်ပြနိကောင်းဖို့ဆို နှစ်ပတ်လောက်တော့ ဂရူစိုက်ပေးရမယ်သား"

"ဟုတ်ကဲ့ ဆရာ သားညီကိုသေချာဂရုစိုက်လိုက်ပါ့မယ်"

..............

ဆေးခန်းကအပြန်တော့ကိုကိုမပြေးတော့ပါ ကျွန်တော့်ကို ကျောပိုးပြိး တိတ်ဆိတ်စွာသာလျှောက်နေပါသည်.....

"ကိုကို..."

"ဗျ..."

"ကိုကိုဆေးဖိုး ဘာနဲ့ပေးလိုက်တာလဲဟင်"

"........."

"ကိုကို့မှာ ပိုက်ဆံပါခဲ့လို့လား"

"ဟားး ညိရာယ် ကိုကို့မှာ နည်းနည်းတော့ရှိပါတယ်ပိုက်ဆံ မပူပါနဲ့ဗျ"

ရာယ်ကျဲကျဲနဲ့ပြောနေသော ကိုကို့ပုံစံက အနည်းငယ်တော့စိတ်သက်သာရာ ရစေပါတယ်။ကိုကို ကလေ သိပ်လည်းဟန်ဆောင်ကောင်းတာ သူ့မှာ ပိုက်ဆံဘယ်ကပါလာမှာလဲ ပါလာလည်းနည်းနည်းပေါ့ အဲ့တာတွေအကုန် သူ့ဆေးဖို့အဖြစ်သုံးလိုက်တယ်ထင်ပါရဲ့ အိမ်ရောက်ရင်တော့မေမေတို့ကိုပြောအုံးမှပါ.....

"ကိုကို သားကလေ အခုနေမကောင်းနေတာမလား"

"အင်းး"

အသက်တမျှ ကိုကို  (You are my soul) (Unicode + Zawgyi)Where stories live. Discover now