Part9

355 9 6
                                    

You are mine.......

Unicode

သစ်လုံးအိမ်ပြန်ရောက်ပြိ ညအထိအိပ်မပျော်ပဲအတွေးချာချာလည်နေသူကတော့ ရဲသွေးပါ
သူ့မှာတော့မျှော်လိုက်ရတာ ကိုကိုကတော့နောက်တစ်ယောက်လက်ကိုတွဲလို့ ရက်စက်တယ်ဆိုတာထက်ကို ပိုတယ်ကိုကိုရာယ် ကျွန်တော့်ထင်ခဲ့တာ ကိုကိုဟာလည်းကျွန်တော့်ကိုမျှော်နေလိမ့်မယ်ပေါ့ ကျွန့်တော့်အလာကို ကိုကိုစောင့်နေမယ်လို့ပေါ့.........
* ခက်ခက်ခဲခဲ ပြန်တွေ့ခဲ့ရသူရဲ့ လက်ကို ကျွန်တော်တစ်ယောက်ပဲ တွဲရမယ်ကိုကို *

အမှောင်တွေ တစ်ဖြည်းဖြည်းကြိးစိုးပြိ ညဆိုတဲ့အရာကို ဖော်ကြူးပြနေပေမယ့် သစ်လုံးအိပ်ဝန်းထဲမှာ ရဲသွေးနဲ့အပြိုင် အိမ်မပျော်နေသူတစ်ယောက်ရှိနေပြန်ပါသေးသည် ......

" အဟက် .......တစ်သက်လုံးနေမှ ပထမဆုံးလေးရင်ခုန်လိုက်ပါတယ် နှလုံးသားက ပိုင်ရှင်ရှိနေတဲ့သူတဲ့လား နွဲ့ယိမ်းချစ်ရေ..."

နွဲ့ယိမ်း တစ်ယောက် ခုတင်ပေါ်လည်းပြိး စိတ်ပျက်စွာငြိးသွားမိတော့သည်...

အမှန်အတိုင်းပြောရရင် နွဲ့ယိမ်းမနက်က ကားပေါ်ကနေရဲသွေး ဟိုကြည့်ဒီကြည့်လုပ်နေကတည််းက အဲ့ပုံစံကလေးကို အူယားနေခဲ့တာပါ သူလာကြိုတဲ့သူမှန်းမသိခင်ကတည်းက. စိတ်ထဲမှာ တစ်မျိုးလေးရင်ခုန်နေတာ ပြိးမှ သူဝတ်လာတဲ့ အပေါ်ထပ်က အကျိုးတူပူပေါင်းထားတဲ့campany တံဆိပ်ဖြစ်နေတော့ ပျော်လိုက်ရတာဆိုတာ အဲ့ကောင်လေးနဲ့ သူတစ်ဖြည်းဖြည်းရင်းနှီးမှုယူလို့ရမှာပါလို့ပေါ့......

တစ်ခြားသူတွေအပေါ် အေးစက်စက်နေတတ်တဲ့သူက. ဒီကောင်လေးကိုတော့ အမြဲစချင်နေမိတယ် သူစိတ်တိုတိုင်းရဲသွားတတ်တဲ့ ပါးဖောင်းဖောင်းလေးတွေ ကိုမြင်လိုက်ရတိုင်းလည်း အလိုက်မသိခုန်လာတဲ့ ရင်ဘတ်ထဲကအကောင်ငယ်ကပင် သူ့ကိုပြောပြနေလေတယ်လေ... မင်းသူ့ကို သဘောကျနေပြိတဲ့

သေချာပါတယ် အချိန်လေးကတိုတိုလေးပါ ကျွန်တော့်သူ့ကို မြင်လိုက်ရတယ် အဲ့အချိန်တိုလေးအတွင်းမှာပင် ကောင်လေးက ကျွန်တော့်ကို ပြုစားသွားတာ......

အသက်တမျှ ကိုကို  (You are my soul) (Unicode + Zawgyi)Where stories live. Discover now