Part12

281 12 16
                                    

Here I come koko........

Unicode

အရာအာလုံးက ကျွန်တော့်အတွက်တော့ ဘာကိုမှ ပိုပြိး မမျှော်လင့်ရဲခဲ့တော့ပါ  အမှန်ဆို ညီနဲ့ပြန်တွေ့တာကို  သူပျော်တာပေါ့  ပျော်တာမှ ပြောမပြတတ်အောင် ဒီနှလုံးသားကြီးခုန်ပေါက်အူမြူးလွန်းလို့ ထိန်းချုပ်မရအောင်ကို  အရမ်းပျော်ခဲ့တာပါ  ဒါပေမယ့်ဘာလို့များထက်ရက်စက်ရတာလဲ  ကလေးငယ်များသိသွားခဲ့ရင်  နာကျင်လွန်းလို့သူ့ကလေးလေးကို  ဘယ်လိုလုပ်ရမလဲ  မုန်းလိုက်တာ ဒီလိုပျော့ညံ့ပြီး အမြဲသူ့ကလေးလေးအပေါ်  စိတ်ဆင်းရဲမှုတွေပဲ  သယ်ဆောင်ပေးတတ်တဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းလိုက်တာ

မျက်ရည်တွေကျလွန်းလို့မျက်နှာကြိမ်မြောက်သုတ်နေမိမှန်းတောင်မသိတော့ဘူး ရပ်မိဖို့လည်းကိုယ့်မျက်ရည်တွေကို မတားမိဘူး နှလုံးသားကနာကျင်လွန်းလို့လက်နဲ့ဖိကိုင်ထားကာပိုတောင်နာကျင်လာသလိုပဲ  အိမ်တော်မှရှိသမျှလူအားလုံးကတော့  မဂ်လာသတင်းကြောင့်ပျော်မြူးနေရော်ပေါ့ သူက လွဲလို့လေ
* ကိုကိုဘယ်လိုများ ကလေးကို မျက်နှာချင်းဆိုင်ရမလဲဟင်*

*****

" ဘာ...ကိုယိမ်း.ဘာပြောလိုက်တာကျွန်တော်နားကြားမှားတာလား ကိုယိမ်းပဲသေချာမပြောတာလား ကိုယိမ်းမနောက်ရဘူးနော်"

"  ငါ့ဒီလို ကိစ္စ ကိုနောက်မယ်လို့ထင်နေလား အခုတစ်စျေးလုံးတစ်မြို့လုံး အဲ့ဒီမဂ်လာပွဲ အကြောင်းပဲပြောနေတာ ကျစ် ငါလည်းမသိတော့ဘူးကွာ"

"  ............"

" သွေး မင်း ငါပြောတာကော နားထောင်ရဲ့လား"

" ကျွန်တော်ကြားတယ်"

" အိမ်တော်နှစ်ခုလုံးက. သဘောတူခဲ့တာမို့်  ဒါကြီးက. ဝင်ရှုပ်လို့  မရဘူး သွေး ငါစိတ်မကောင်းပါဘူး"

"အဟက်  ဘာကိုစိတ်မကောင်းတာလဲ  မဂ်လာဆောင်ဟုတ်လား  အဲ့စုန်းမတစ်ယောက်တည်းဆောင်  "

" သွေး  ကျစ်မင်း အဲ့အိမ်တော်တွေက သွားမပတ်သတ်လေအကောင်းဆုံးပဲ မင်းကိုဘာလုပ်မလဲမသိနိုင်ဘူးလေကွာ ခေါင်းအေးအေးထားပါအုံး"

အသက်တမျှ ကိုကို  (You are my soul) (Unicode + Zawgyi)Where stories live. Discover now