Part8

357 10 13
                                    

You know it not the same as it was.....

Unicode

ကလောကိုသွားတဲ့ခရီးမှာ သူ့စိတ်တွေတစ်မိနစ်တောင်အငြိမ်မနေရပါ ဘက်ပေါင်းစုံကနေဝင်ရောက်လာတဲ့ အတွေးတွေနဲ့အတူ မေးခွန်းပေါင်းများစွာကိုပြန်လည်စဉ်းစားမိဆဲဖြစ်နေတုန့်းပါ အရေးကြိးတာက. ကိုကို့ ရဲ့လိပ်စာကိုသိရန်သာ သို့သော်ဒါက ကောက်ရိုးပုံထဲအပ်ရှာသလိုပဲလေ ဒါပေမယ့် ကောက်ရိုးပုံထဲမှာအပ်ရှိနေတယ်ဆိုတာကို အသေအချာသိရတော့ ကံကောင်းနေပါသေးတယ်.......

ကလောမြို့......

ကားပေါ်ကဆင်းဆင်းချင်း သူမျက်လုံးဝှေ့ပြိး ရှာကြည့်သည် လာကြိုဖို့လူလာလိမ့်မယ်လို့MG စိစဉ်ပေးခဲ့သောကြောင့် သေချာပေါက် ​ တစ်ယောက်ယောက်တော့လာကြိုမှာပါလေ..

ထိုစဉ် ရုတ်တရက် အိတ်ကိုလာဆွဲသော လက်တစ်စုံ.........သူအစက ကြောင်ကြည့်နေသော်လည်း သတိပြန်ဝင်လာကာ

"ခင်ဗျား ဘာလုပ်တာလဲ"

".........." တစ်ဖက်လူမှာ တိတ်ဆိတ်စဲပင်

္"ကျွန်တော့်ကို သိလို့လား"

"လာကြိုတာလေ "

"ဘာ လာကြိုရင်လည်းအစောကတည်းကပြောလေ အိတ်ကိုလုစရာလား"

"ကျစ် စကားများတယ် အချိန်မရှိဘူး ပေးအိတ်"
တားချိန်မရလိုက်ခင်မှာပဲ ရုတ်တရက်အလုခံလိုက်ရသောအိတ်နဲ့အတူ လူကိုမစောင့်ပဲရှေ့ကထွက်သွားတဲ့ ထူးဆန်းဖွယ်ရာ ဤလူကိုသာ အကြောင်သားကြည့်နေမိတော့သည်..

" ဟိတ် မင်းဒိနေ့လာကောလာအုံးမှာလား"
"ဘာလဲ ကားပေါ်ထိ မင်းကိုပါ ပွေ့ချီခဲ့ရမလား"

" ဟမ်.....ဘာ ခင်ဗျားစကားကို ကြည့်ပြော"

"ငါ မျက်လုံးမမှိတ်ထားပါဘူး"

"ခင်ဗျား အရမ်းရန်ဖြစ်ချင်နေတာလား"

" ဖြစ်ချင်တယ် ရန်တော့မဟုတ်ဘူး"

"ဟာ......ဒီလူကတော့ "
လက်ပေါက်ကပ်လှတော့ ထိုလူနဲ့စကားဆက်မများချင်တော့သောကြောင့်ရဲသွေး ကားနေရာမသိသော်လည်းရှေ့ကသာ ခပ်သွက်သွက် ထွက်လာမိတော့သည်.....

" ရန်ကုန်စွာတေး ဘယ်ထိသွားမှာလည်း ဒီမှာကားက"

"ခင်ဗျား ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာလဲ"

အသက်တမျှ ကိုကို  (You are my soul) (Unicode + Zawgyi)Where stories live. Discover now