Ep - 1

1K 56 16
                                    

ပေကျင်း တက္ကသိုလ်ရဲ့ ကျောင်းခန်း တစ်ခန်းတွင် အရှေ့ဝိုက်ဘုတ်မှာ ဆရာမ တစ်ယောက် စာသင်နေပါသည်။ တက္ကသိုလ် ဆိုသည့်အတိုင်း ဆရာမ စာသင်နေတာကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေဆိုတာ မရှိသလောက်ကို ရှားပါးပါတယ်။

အဲ့ဒါကို ဆရာ ဆရာမ တိုင်းလည်း သိပြီးသား။ ဒါပေမယ့် ဆရာ ဆရာမမှာလည်း စိတ်ကောင်းဝင်တဲ့ အချိန် ရှိသလို စိတ်မကြည်တဲ့ အချိန်လည်း ရှိပါတယ်။ စိတ်ကောင်းဝင်ရင်တော့ ကိုယ် သင်စရာ ရှိတာ သင်ပြီး အချိန်ပြည့်တာနဲ့ ပြန်ထွက်သွားကြတယ်။

စိတ်မကြည်တဲ့ အချိန်မှာ အရှေ့မှာ ကိုယ်က အာပေါင် အာရင်း ရှင်းပြပြီး သင်နေသလောက် နောက်ကို လှည့်ကြည့်တိုင်း စာရေးခုံပေါ် မှောက်အိပ်တဲ့ သူနဲ့၊ ပါလာတဲ့ မိတ်ကပ်ဗူးကို ထုတ်ပြီး အလှနည်းနည်း ပျက်တာနဲ့ အလှပြင်တဲ့ သူနဲ့။ တစ်ချို့ဆို အခန်းထဲ သူတို့ပဲ ရှိသလိုမျိုး အုပ်စုဖွဲ့ပြီး ဂိမ်းဆော့နေပါသေးတယ်။

ဆရာမ သူ့ကို ဘယ်သူမှ $ဂရုမစိုက်တာကို ခါတိုင်းနေ့တွေမှာ လွှတ်ထားပေမယ့် ... ဒီနေ့တော့ အခန်းထဲက ကလေးတွေကို ကြည့်ရင်း သူ့ရဲ့ မျက်မှန်ကို အရင် ချွတ်လိုက်ပြီး စာအုပ်ကိုလည်း ခုံပေါ် တင်လိုက်သည်။

သူ အဲ့လိုတွေ လုပ်တာကို အရှေ့တန်းမှာ စာတော်ပြီး သူ စာရှင်းပြတာကို နားထောင်တဲ့ ကလေး တစ်ချို့တော့ သိလိုက်ပြီ သူ ဘာလုပ်မယ်ဆိုတာ ...။

အဲ့ဒါကြောင့် သူ စိုက်ကြည့်တဲ့ ဆီကို အကုန် လည်ပင်းလိမ်ပြီး နောက်ကို လိုက်ကြည့်ကြတယ်။

' အနောက်တန်း ခုံမှာ ၆ ယောက် ထိုင်တဲ့ထဲက အစွန်ဆုံး တစ်ယောက် ထ စမ်း ...။'

' ဟျောင့်တွေ ... တိုက်လေ ...။ ရန်သူက မင်း ဖျင် ကို ချတော့မယ်ကွ ...။'

' အေး ... ဟုတ်တယ်။ ဟိုကောင် ... လက်နက် က တရမ်းရမ်း လုပ်နေဖို့ မဟုတ်ဘူး။ ရန်သူကို ချ ဖို့ ...။ ချလေ ... ချ ... ချ ... ဟာ ...။'

ဆရာမ သူ အော် ပြောလိုက်တာတောင် သူ့ကို စိတ်မဝင်စားပဲ ဖုန်းကို လက်နှစ်ဖက် ကိုင်ပြီး ပါးစပ်ကလည်း တတွတ် တွတ် နဲ့ ဂိမ်း ဆော့ မပျက်တဲ့ ကလေးတွေ ကြည့်ရင်း မျက်နှာတွေ နီလာတယ်။

Lucky no.16 Change to no.6  ( Completed )Where stories live. Discover now